English News

ကော့စ်ဘဇားကမ်းခြေ လှေနစ်ရာမှ အလောင်း ၂၀ ရှာဖွေတွေ့ရှိ

နိရဉ္စရာ၊ စက်တင်ဘာ ၂၀

22046541_1688895644455839_2623180023986904114_n

မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသည့် လူပေါင်း ၁၀၀ နီးပါးခန့်ကို တင်ဆောင်လာသည့် ငါးဖမ်းစက်လှေတစ်စီး ကော့စ်ဘဇားကမ်းခြေတွင် နစ်မြုပ်ခဲ့ရာ ယနေ့အချိန်ထိ အလောင်း ၂၀ ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ယနေ့တွင် ကလေးသုံးဦးနှင့် အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့သဖြင့် စုစုပေါင်း အလောင်း ၂၀ ကိုရှာဖွေတွေ့ရှိထားပြီဟု အင်နာနီ ရဲစခန်းမှ စခန်းမှူး Stalin Borua က ပြောကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်းငါးဖမ်းလှေသည် ဘင်္ဂလီ အမျိုးသမီးနှင့် ကလေးငယ် ၁၀၀ ခန့်ကို တင်ဆောင်၍ လာစဉ် ကော့စ်ဘဇားခရိုင် အိုးကီးယားမြို့နယ် အင်နာနီ ပင်လယ်ကမ်းခြေ အနီးတွင် စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီက လိုင်းကြီးသဖြင့် တိမ်းမှောက်ကာ နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။

လှေနစ်စဉ် လှေပေါ်တွင် လူပေါင်း ၉၀ ခန့်လိုက်ပါလာကြောင်း The Daily Star ကရေးသားပြီး AFP သတင်းဌာနကမူ ၁၂၀ ဦးလိုက်ပါလာကြောင်း ရေးသားဖော်ပြသည်။ လူပေါင်း ၁၉ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အများအပြားမှာ ရေကူးလွတ်မြောက်ခဲ့သည်ဟု ဆိုသည်။

လှေနစ်မြုပ်ရာမှ အနည်းဆုံး ကလေး ၁၀ ဦးနှင့် အမျိုးသမီး ၆ ဦး အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ယနေ့တွင် နောက်ထပ် ၄ ဦး၏ အလောင်းကို တွေ့ရှိခဲ့သည်။ လူ ၅၀ ခန့်ပျောက်ဆုံးနေသည်ဟု ဘင်္ဂလာဒေ့ရှ်က သတင်းများတွင် ဖော်ပြထားသည်။

(Photo- The Daily Star)