Advertising
English News

ကျောက်တော်တွင် ဆိုင်ကယ်တစ်စီးလမ်းဘေးထိုးကျရာမှ လူနှစ်ဦးဒဏ်ရာပြင်းထန်စွာရရှိ

သိန်းဇော် (မောင်တော)
နိရဉ္စရာ၊စက်တင်ဘာ ၂၄

42385551_2108638562481543_3977159021973995520_n

ရခိုင်ပြည်နယ်ကျောက်တော်မြို့ မဟာမြတ်မုနိနှင့် ကျောက်ကျပ်ကျေးရွာကြားတွင် ယနေ့နံနက် ၁၀ နာရီက ဆိုင်ကယ်တစ်စီး လမ်းဘေးကိုထိုးကျခဲ့ပြီး စီးနင်းလိုက်ပါလာသူနှစ်ဦးမှာ ဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့သည်ဟု ဖြူစင်မေတ္တာပရဟိ တအသင်း ကိုညီပုက ပြောသည်။

ဒဏ်ရာရသူ နှစ်ဦးအား ကျောက်တော်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သူက ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူနှစ်ဦးမှာ မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာမှ ဌေးမောင်ဝင်း (၁၉ ) နှစ်နှင့် မောင်သန်းချေ (၁၈) နှစ်တို့ ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးသည် စီနင်းလာသောဆိုင်ကယ်မှာ အရှိန်မထိန်းနိုင်ရာမှ လမ်းဘေးသို့ ထိုးကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ဖြစ်တာက ၁၀ နာရီဝန်းကျင်လောက်ကပါ။ကျွန်တော်တို့ဆီသတင်းရောက်လို့ သွားယူပြီး ဆေးရုံကို ၁၂ နာရီလောက် မှာပို့ဆောင်ခဲ့ပါတယ်။ အသက်အန္တရာယ်တော့မစိုးရိမ်ရပါဘူး။ ဌေးမောင်ဝင်းကတော့ လက်မောင်း၊ခြေသလုံး၊ပေါင်စတဲ့သုံးနေရာလုံးကျိုးသွားပါတယ်”ဟု ကိုညီပုက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရရှိခဲ့သူနှစ်ဦးကို နေ့လယ် ၁ နာရီတွင်ကျောက်တော်ပြည်သူ့ဆေးရုံကြီးမှ စစ်တွေဆေးရုံသို့ ဖြူစင်မေတ္တာပရဟိတအသင်းမှ ပို့ဆောင်ခဲ့ကြောင်းသိရှိရပါသည်။