Advertising
English News

ကျောက်ဖြူ ဂတ်စ်ပေါက်လိုင်းပေါက်ကွဲမှု မဟုတ်ကြောင်း တာဝန်ရှိသူပြောကြား

နိရဉ္စရာ၊ ဧပြီ ၆

30261002_1884631304882271_1645741934938947584_n

ယနေ့ ဖေ့စ်ဘုတ် လူမှုကွန်ယက် စာမျက်နာပေါ်တွင် ဖော်ပြပါပုံနှင့် ကျောက်ဖြူ gas ပိုက်လိုင်း ရေထဲ၌ ပေါက်ကွဲမှု ဖြစ်ပေါ်ဟုဆိုကာ Breaking News တစ်ခု တက်လာခဲ့ပါသည်။

၎င်းသတင်းနှင့် ပတ်သက်ပြီး ပြည်သူများ အကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးသို့ နိရဉ္စရာ သတင်းဌာနမှ ဆက်သွယ် မေးမြန်းရာ ၎င်းသတင်းမှာ မဟုတ်မှန်ကြောင်း ပြောကြားသည်။

“ ကျွန်တော်တို့လည်း ဒီသတင်း ဖေ့စ်ဘုတ်ပေါ်မှာ တက်လာတဲ့ အတွက် ချက်ချင်းဘဲ MOGE ကို ဆက်သွယ်မေးမြန်းတော့ ဒီကျောက်ဖြူမှာ ပိုက်လိုင်းဘာမှ ဖြစ်တာဘာမှ မရှိဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့လည်း သတင်းရတာနဲ့ ချက်ချင်း MOGE ကိုမေးတာပါ။ မဟုတ်ပါဘူး။ သူတို့ ပြောတာကတော့ ကျောက်ဖြူမှာ ဖြစ်တာတော့ မဟုတ်ဘူး။ တစ်ခြားနေရာမှာ ဖြစ်တာဆိုရင်တော့ သူတို့ မသိပါဘူး” ဟု ပြောကြားသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံနှင့် ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးသို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ၎င်းကဲ့သို့ ကျောက်ဖြူ ဂတ်စ်ပိုက်လိုင်း ရေအောက်တွက် ပေါက်ကွဲမှု ဖြစ်ပွားသည်ကို မကြားသိရကြောင်း ပြောကြားသည်။

(ယနေ့ ကျောက်ဖြူ ဂတ်စ်ပိုက်လိုင်း ပေါက်ကွဲဟု ဆိုကာ တက်လာသည့် ဓာတ်ပုံ)