English News

ကျောက်ဖြူ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပါဝင်အားပေးကြရန် ဖိတ်ခေါ်

နိရဉ္စရာ၊ မတ် ၂၀

17264632_1469587939719945_30413143401316753_n

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အသက်ကယ် အောက်စီဂျင်အိုးများ (Oxygen Cylinders) လှူဒါန်းရေးအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ခုကို နာမည်ကြီး တေးသံရှင်များဖြင့် ပြုလုပ်သွားမည် ဖြစ်ရာ ရပ်နီးရပ်ဝေးမှ ညီအစ်ကို မောင်နှမများ အားလုံး ပါဝင် အားပေးကြရန် ပွဲစီစဉ်သူများက ဖိတ်ခေါ်လိုက်သည်။

၎င်းရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ကို မတ်လ ၂၅ ရက် ၂၆ ရက်တွင် ကျောက်ဖြူမြို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

နိုင်ငံတော် အဆိုတော် ရုပ်ရှင်သရုပ်ဆောင်များ နေထက်လင်း ၊ ထူးအယ်လင်း၊ သန်းဆွေ၊ ကိုကိုနိုင်၊ ဖိုးဇော်၊ စောမင်းသိန်း၊ ဆုပန်ထွာ၊ လှမျိုးသဉ္စနွယ်၊ ခွန်ဆင့်နေခြည်၊ ရတနာ နှင့် ပန်းခက်ရွှေစင် တို့ ဖြစ်ကြသည်။

“ ရရှိလာတဲ့ ငွေတွေကို ကျောက်ဖြူ ဆေးရုံ အတွက် လိုအပ်နေတဲ့ အသက်ကယ် Oxygen Cylinders လှူဒါန်းရေး အတွက် အသုံးပြုသွားမှာပါ။ ၂၀၁၇ ခုနှစ် အတွင်း လူသားတို့ရဲ့ မရှိမဖြစ် လိုအပ်နေတဲ့ ဒီ အောက်စီဂျင် အိုးတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ညီအစ်ကို မောင်နှမတွေအားလုံးကို ဖိတ်ခေါ်ပါတယ်” ဟု ပွဲစီစဉ်သူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

၎င်းရန်ပုံငွေ ဂီတ ဖြေဖျော်ပွဲကို အလိုတော်ပြည့်ကယ်ဆယ်ရေးအဖွဲ့ နှင့် RNSWO – လေးဝတီကုလရက္ခိတပရဟိတ မှ ကြီးမှူးကျင်းပမည် ဖြစ်ကြောင်း သိရသည်။