English News

ကျောက်ဖြူ မြစ်နားတန်းမီး ဆုံးရှုံးမှုများပြား

ကျော်ဝင်း (ကျောက်ဖြူ )
နိရဉ္စရာ၊ နိုင်ဝင်ဘာ ၅

23130713_1723080977703972_6265030420616013970_n

ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်တွင် နိုင်ဝင်ဘာလ(၅)ရက် နံနက်(၁)နာရီ (၄၅)မိနစ်ခန့်မှ စတင်ကာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုပမာဏ များပြားကြောင်းသိရသည်။

မီးလောင်ရသည့် အကြောင်းအရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

မီးလောင်မှုကြောင့် နေအိမ်နှင့် ငါး/ပုဇွန်အဝယ်ဒိုင် အဆောင်(၂၀)ခန့် မီးလောင်သွားခဲ့သည်ဟု ကျောက်ဖြူဒေသခံ ကိုထွန်းထွန်းနိုင်က ပြောကြားသည်။

23172402_1723081191037284_3033331346476611380_n

မီးသတ်ကား (၅)စီးနှင့် ငြိမ်းသတ်ခဲ့ရပြီး မီးသတ်ကား ဝင်ထွက်ရန် အခက်အခဲရှိ၍ နံနက် ၅ နာရီကျော်မှ မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။

မီးလောင်မှုမှာ ကြီးကျယ်သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိကြောင်း သိရသည်။