Advertising
English News

တောင်ကုတ်မီးလောင် နေအိမ်တစ်လုံး ဆုံးရှုံး

မဘုကေ
စစ်တွေ၊ ဒီဇင်ဘာ ၂၄

26047234_1773311089347627_8614289631748724113_n

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ယနေ့ နံနက်က မီးလောင်မှု ဖြစ်ပွားပြီး လူနေအိမ်တစ်လုံး မီးလောင်သွားခဲ့သည်ဟု တောင်ကုတ်မြို့ ရဲစခန်းမှ စခန်းမှူး ဦးချစ်ဝေ ကပြောသည်။

အဆိုပါ နေအိမ်မှာ တောင်ကုတ်မြို့ ချောင်းကောက် ရပ်ကွက် မင်းဘခိုင်လမ်းတွင် တည်ရှိပြီး ယနေ့ နံနက် ၈ နာရီခန့်တွင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။

“ မီးလောင်ဆုံးရှုံးမှုပေါင်းတော့ သိန်း ၂၀ လောက်ရှိတယ်။ ၀ါယာလျော့ဖြစ်စ်ပြီးလောင်တာပါ” ဟု စခန်းမှူး ကပြောသည်။

နေအိမ်မှာ ပျဉ်စီ၊ ပျဉ်ထောင်၊ သွပ်မိုး အိမ်အမျိုးအစား ဖြစ်သည်။

အိမ်ပိုင်ရှင်ဖြစ်သူ ဦးမျိုးမြင့် အသက်(၃၃နှစ်)အား မီးအား ပေါ့ဆစွာ အသုံးပြုမှုဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည် ဟု စခန်းမှူးက ပြောသည်။

ဓာတ်ပုံ- မီးလောင်နေစဉ်/ Ra Zar Tun