Advertising
English News

တောင်ကုတ်မြို့မစခန်းမှူး ရေတွင်းထဲပြုတ်ကျ သေဆုံး

200957_6214022_updates

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊ နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့မရဲစခန်းမှူး သိန်းနိုင်ထွန်း (၄၆)နှစ်သည် ယနေ့ နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရေတွင်းထဲကျပြီး သေဆုံးခဲ့သည်ဟု သတင်းရရှိသည်။

တောင်ကုတ်ရဲစခန်းမှ ဒုရဲအုပ် မျိုးသီဟဇော်က “သတင်းကတော့ မှန်တယ်လို့သိရတယ်။ဒါပေမယ့် ဖြစ်စဉ်အတိအကျကိုတော့ မသိရသေးဘူး။ရေထဲပြုတ်ကျသေဆုံး တယ်ဆိုတာတော့ ဟုတ်ပါတယ်”ဟု နိရဉ္စရာသို့ပြောသည်။

တောင်ကုတ်မြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ရေတွင်းထဲ ပြုတ်ကျ သေဆုံးခြင်းကို အတည်ပြုပြီး စခန်းတွင်းရှိ ရေတွင်းထဲ ပြုတ်ကျ သေဆုံးခြင်း ဖြစ်ကြောင်း နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။