Advertising
English News

တောင်ကုတ်-စစ်တွေအဝေးပြေးလမ်းတွင်ဆိုင်ကယ်နှင့်ကားတိုက်ရာမှ လူနှစ်ဦးဒဏ်ရာရ

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊ မေ ၁၁

32267100_1920560777955990_146478665629171712_n

ယနေ့ညနေ ၅ နာရီခွဲခန့်အချိန်တွင်တောင်ကုတ်-စစ်တွေ အဝေးပြေးလမ်းမ ပေါ်ရှိ တောင်ကုတ်မြို့မှ ၆ မိုင်ခန့်အကွာရှိမောင်းကန်အနီးတွင် ဆိုင်ကယ်နှင့်ကားတိုက်မိပြီး ဆိုင်ကယ် စီးလာသူနှစ်ဦးတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်းမျက်မြင် သက်သေ ခရီးသွား တစ်ဦးဖြစ်သည့် ကိုဇော်မှ နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“သေဆုံးသူတော့မရှိပါဘူး။ဆိုင်ကယ်စီးလာတဲ့နှစ်ယောက်ကတော့ ဒဏ်ရာအပြင်းအထန် ရသွားတယ်။ ဖြစ်ဖြစ်ချင်းပဲ တောင်ကုတ်မြို့နာရေးကူညီမှုအသင်းကိုဖုန်းလှမ်း ဆက်ပြီး အရေးပေါ် လူနာတင်ကား အကူအညီတောင်း လိုက်ပါတယ်။သိပ်မကြာခင်မှာ လူနာတင်ကားရောက် လာပြီး ဒဏ်ရာရသူတွေကို သယ်ဆောင်သွားပါတယ်”ဟု ကိုဇော်ကပြောသည်။

ဖြစ်စဉ်မှာတောင်ကုတ်မြို့ဘက်မှမောင်းလာသော ဆိုင်ကယ်တစ်စီးနှင့် ကင်းတောင် ကျေးရွာ ဘက်မှ မောင်းနှင်လာသော Light track ကားငယ်တို့ အချိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်စီးလာသူနှစ်ဦးမှာ တောင်ကုတ်မြို့ကင်းတောင်ကျေးရွာဘက်မှဖြစ်နိုင်သော်လည်း အမည်နှင့် နေရပ်ကို မသိရှိကြောင်း ကိုဇော်က ဆက်ပြောသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ တောင်ကုတ်ရဲစခန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့အား ဆက်သွယ်မေးမြန်းရာတွင် ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိသောကြောင့် ဒဏ်ရာ ရသူတို့၏ နာမည်နှင့် နေရပ်လိပ်စာအား ဖော်ပြနိုင်ခြင်း မရှိပါ။