English News

တောင်ပြိုတွင် ဆံပင်ညှပ်သူလင်ယောင်္ကျား ပျောက်ဆုံးနေဟု ဇနီးဖြစ်သူဆို

နိရဉ္စရာ၊ အောက်တိုဘာ ၆

22281813_1695068077171929_5164462563621786775_n

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုတွင် ဆံပင်ညှပ်နေသူ ယောင်္ကျားဖြစ်သူမှာ ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာမှ ကူညီရှာဖွေပေးရန် ဇနီးဖြစ်သူ ဟိန္ဒူအမျိုးသမီး ချာလောဘေလာ (၃၃) နှစ်က နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

“ ကျွန်မ ယောကျာင်္းနာမည်က မောင်မောင်တင်ပါ။ ဟိန္ဒူလူမျိုးပါ။ ဆံသ လုပ်ပါတယ်။ ဇာတိ ဒီကြိမ်ချောင်းကပါ။ တောင်ပြိုမှာ ဆံသလုပ်ငန်း သွားလုပ်ပါတယ်။ အခု အိမ်ကို ပြန်မရောက်ဘဲ ပျောက်နေတာ တစ်လကျော်သွားပါပြီ။ ဘင်္ဂလာဒေ့ရှ်ကိုလည်း ရောက်မသွားပါ။ ဒီမှာ အကြမ်းဖက်မှု ဖြစ်တာနဲ့တောင်ပြိုကနေ ပြန်လာတဲ့အခါ အသတ်ခံရတယ်လို့ ကြားရပါတယ်” ဟု ချာလောဘလောက ပြောကြားသည်။

မောင်မောင်တင်မှာ မြန်မာနိုင်ငံသား တစ်ဦးဖြစ်ပြီး မှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းလည်းရှိကြောင်း၊ သူ့၏ မှတ်ပုံတင်အမှတ်မှာ ၁၁/ မတန(နိုင်) ၀၀၁၁၂၄ ဖြစ်ကြောင်း သူမက ပြောကြားသည်။

22196374_1695068293838574_6856086498019291900_n

“ ကျွန်မတို့မှာ ဒီလူရှာကျွေးတာကိုဘဲ စားနေရပါတယ်။ အခု သူပျောက်နေတော့ မိသားစုတွေက အရမ်းစိုးရိမ်နေပါတယ်။ သက်ဆိုင်ရာ လူကြီးတွေက ရှာပေးစေလိုပါတယ်” ဟု ပြောကြားသည်။

မောင်မောင်တင် မှာ အသက် (၃၉) နှစ်ဖြစ်ပြီး သူ၏ ဖခင်မှာ မော်နီဒရော်ဖြစ်ပြီး မိခင်မှာ ဆိန်နုဘာလ ဖြစ်ကြောင်း မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းအရ သိရသည်။