English News

ဒေါက်တာညိုထွန်းအောင် ဖခင်ကွယ်လွန်

နိရဉ္စရာ၊ ဇူလိုင် ၁၄

19990166_1584772431534828_4291469955437141559_n

ရက္ခိုင့်တပ်မတော် ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ ဖခင် ဦးဖြူလှအောင်သည် ဇူလိုင်လ ၁၃ ရက်နေ့ က ကျောက်ဖြူမြို့ နေအိမ်တွင် ကွယ်လွန် သွားခဲ့ကြောင်း သိရှိရပါသည်။

ဦးဖြူလှအောင်သည် ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီ ဖြစ်ပြီး ကိုးဆယ်ခြောက်ပါးရောဂါဖြင့် ကျောက်ဖြူမြို့ အရှေ့ ပိုင်းရပ်ကွက် နေအိမ်၌ အဆိုပါနေ့ နေ့လယ် ၁ နာရီ မိနစ် ၄၀ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါသည်။

ဇူလိုင်လ ၁၅ ရက် စနေနေ့ နေ့လယ် ၁၂ နာရီ ကျော်တွင် ကျောက်ဖြူ သုသာန်သို့ ပို့ဆောင် သဂြိုင်္လ်မည် ဖြစ်ကြောင်း သိရှိရသည်။

ဦးဖြူလှအောင် ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်အောင်မျှနု၊ သားဖြစ်သူ ဒေါက်တာ ညိုထွန်းအောင်၊ နောက်ထပ် သားတစ်ဦးနှင့် သမီးတစ်ဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရှိရပါသည်။

ဒေါက်တာ ညိုထွန်းအောင် ဖခင် ဦးဖြူလှအောင် ကွယ်လွန်သွားခဲ့သဖြင့် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူ ၀မ်းနည်းရပါကြောင်း ဖော်ပြအပ်ပါသည်။