Advertising
English News

ဒေါက်တာအေးမောင်တို့ကို စွဲချက်တင်သင့်/ မတင်သင့်ဆုံးဖြတ်မည် ထောက်ခံသူ ၁၀၀ ကျော်ခန့် တရားရုံးရှေ့တွင်စုရုံးရောက်ရှိ

နိရဉ္စရာ၊ စက်တင်ဘာ ၁၀

41458834_2091706797508053_8577475226881753088_n

အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား စွဲချက်တင်သင့်/ မတင်သင့် ယနေ့ စစ်တွေ ခရိုင်တရားရုံးက ဆုံးဖြတ်မည်ဖြစ်ရာ သူတို့အား ထောက်ခံသူ ၁၀၀ ကျော်ခန့်မှာ ယခုအခါ ခရိုင်တရားရုံးရှေ့တွင် စုရုံးရောက်ရှိ နေကြသည်ဟု သိရသည်။

အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့သည် ရသေ့တောင်မြို့တွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သော ရခိုင့် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့အထိမ်းအမှတ် စာပေ ဟောပြောပွဲတွင် နိုင်ငံတော်ကို အကြည်အညို ပျက်စေသည့်စကားများကို သုံးနှုန်း ခဲ့သည်ဟု ဆိုကာ ရခိုင်ပြည်နယ်အစိုးရက နိုင်ငံတော် ပုန်ကန်မှု အပါအ၀င် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုထားသည်။

ရောက်ရှိနေကြသူများထဲတွင် စစ်တွေမှ လူတစ်ချို့ အပါအ၀င် အမ်းနှင့် အမ်းမြို့နယ် တပ်တောင်၊ ပုဏ္ဍားကျွန်းမြို့နယ် ကျောက်ဆိပ်နှင့် စစ်တွေမြို့နယ် မောင်နီပြင်၊ ၀ါဘို၊ ငတောက်တက်၊ အုန်းရည်ဖော်၊ ရွှေလိုင်ဖင်း၊ ကျက်တောပြင် မှ ပြည်သူများ ပါဝင်သည်ဟု သိရသည်။