English News

ဒေါက်တာအေးမောင်တို့အား ရုံးထုတ်မည်ဖြစ်သဖြင့် ယနေ့ည စစ်တွေခရိုင်တရားရုံးအနီး လုံခြုံရေးတင်းကျပ်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဖေဖေါ်ဝါရီ ၈

27751760_1821543994524336_2218842679934653999_n1

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား မနက်ဖြန် ဖေဖေါ်ဝါရီလ ၉ ရက်နေ့ စစ်တွေ ခရိုင်တရားရုံးတွင် ရုံးထုတ်မည်ဖြစ်ရာ ရုံးမထုတ်မီ အကြိုညဖြစ်သော ယနေ့ညတွင် တရားရုံးအနီး လုံခြုံရေး တင်းကျပ်ထားကြောင်း သိရှိရသည်။

၎င်းပြင်တရားရုံးအ၀င်လမ်းအား ပိတ်ဆို့မည့် သံဆူးကြိုး အတားအဆီးများကိုလည်း စစ်တွေပြည်နယ်တရားရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ရုံးအနီးတွင် အဆင်သင့် ပြင်ထားသည်ကို တွေ့ရှိရသည်။

တရားရုံးအနီးတွင် ရဲအင်အား ၁၀ ကျော်ခန့် လုံခြုံရေးယူထားသည်ကို တွေ့ရပြီး ညဥ့် ၉ နာရီခန့်မှ စတင်ပြီး ရဲအင်အား အများအပြားလည်း ကားများ၊ ဆိုင်ကယ်များဖြင့် လှည့်ကင်း ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။