English News

ဒေါက်တာ အေးမောင်တို့အား နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲတင်မည့် စစ်တွေခရိုင်တရားရုံးတွင် ရဲအင်အား ၅၀ ခန့်ဖြင့် လုံခြုံရေး တင်းကျပ်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉

27750152_1822087901136612_206641647072410350_n

ယနေ့တွင် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား စစ်တွေခရိုင် တရားရုံးတွင် နိုင်ငံတော် ပုန်ကန်မှုဖြင့် တရားစွဲဆိုမည်ဖြစ်ရာ တရားရုံးအတွင်း ရဲအင်အား ၅၀ ခန့်ဖြင့် လုံခြုံရေး တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

ဒေါက်တာ အေးမောင်နှင့် ကိုဝေဟင်အောင်တို့အား စစ်တွေခရိုင် တရားရုံးတွင် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁ (ခ) (ဂ) ဖြင့် တရားစွဲတင်မည်ဟု သိရသည်။

သူတို့ နှစ်ဦးအား ဇန်န၀ါရီ ၂၉ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် တရားရုံးတွင် မတရားအသင်း ဆက်သွယ်မှုနှင့် ဆက်စပ်သည့် ပုဒ်မ ၁၇(၁) (၂)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့ဖြင့်လည်း ရုံးတင် တရားစွဲဆိုခဲ့သည်။