English News

ပျောက်ဆုံးနေသူ ကလေးနှစ်ဦး အပါအ၀င် စက်လှေမီးလောင်ရာတွင် စုစုပေါင်း ၆ ဦးသေဆုံး

ကျော်ဝင်း(ကျော်ဖြူ)
နိရဉ္စရာ၊ မတ်လ ၁၇

17342677_1467177089961030_7547637039071777605_n

ယနေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်က စက်လှေမီးလောင်ရာမှ ပျောက်ဆုံးနေသူ ကလေးနှစ်ဦးကို သေဆုံးလျက် ပြန်တွေ့ရသည်ဟု သတင်းရရှိသည်။

စက်လှေမီးလောင်မှုကြောင့် သေဆုံးသူ ၆ ဦး ရှိသည်။

သေဆုံးသူများမှာ ကျောက်ဖြူ စေတီတောင်ရပ်ကွက်တွင် နေထိုင်သူ မအောင်မေတင်၊ မအေးသန်းမြင့်၊ မခင်မေသန်း၊ မစန္ဒာနွေ တို့(၄)ဦးနှင့် နောက်ဆုံးသေလျက် တွေ့ရှိရသည့် ကလေးငယ် ၂ ဦးမှာ မောင်ဖြိုးမင်းပိုင်နှင့် မောင်ထွန်းစေ့ကေတို့ ဖြစ်ကြသည်။

ကျောက်ဖြူမြို့မှ ဦးကင်းကျေးရွာအုပ်စု၊ ကလဘာတောင်ကျေးရွာရှိ ဆွေမျိုးတော်စပ်သူ၏ ရှင်ပြုပွဲသို့သွားသည့် စက်လှေ ယနေ့ မတ်လ ၁၇ ရက် နေ့လည် ၁း၃၀ နာရီတွင် အင်ဂျင်မီးလောင်ခဲ့သည်။

စက်လှေပိုင်ရှင်မှာ ကလဘာတောင်ကျေးရွာမှ ဦးစံထွန်းကျော် ပိုင်ဆိုင်သော စက်လှေဖြစ်သည်။စက်လှေသည် ဓည၀တီရေတပ်စခန်းဌာနချုပ်အနီးအရောက်တွင် စက်လှေအင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ အတည်ပြု ပြောကြားသည်။

မီးလောင်သော စက်လှေတွင် စီးနင်းလိုက်ပါလာသူမှာ ကျား(၇)ဦး မ(၈)ဦး စုစုပေါင်း(၁၅)ဦးပါရှိသည့် အနက် ၆ ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

(မီးလောင်စက်လှေကို တွေ့ရစဉ်)