English News

မောင်တောတွင် အောက်တိုဘာ အကြမ်းဖက်တိုက်ခိုက်ရာ၌ ပါဝင်သူတစ်ဦး ဖမ်းဆီးရမိ

နိရဉ္စရာ၊ မတ် ၁၀

17203102_1459348790743860_8964859366657431185_n

မောင်တော အကြမ်းဖက် ဖြစ်စဉ်တွင် ပါဝင်ခဲ့သူ တစ်ဦးကို မောင်တောမြို့နယ် ဆင်သေပြင် အနောက်ရွာ ဗလီရှေ့ရွာလယ်လမ်း၌ မတ်လ ၆ ရက် ညနေ ၄နာရီ ၄၅ မိနစ်က ဖမ်းမိခဲ့သည်။

ဖမ်းဆီးမိသူမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ရက်တွင် ကျီးကန်ပြင် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့သော Aqu Mul Mujahidin အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မောင်စိုး (ခ)ရှောင်ရှုးအာလောင် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီမှ ယနေ့ သတင်းထုတ်ပြန်သည်။

မောင်စိုး (ခ)ရှောင်ရှုးအာလောင်သည် မောင်စိုး (ခ)ရှောင်ရှုးအာလောင်ထံမှ အရိုးအသွား (၉)လက်မခန့်ရှိ ခေါက်ဓား တစ်ချောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးဆင်းကဒ်ပါ လက်ကိုင်ဖုန်းတစ်လုံးတို့အား သိမ်းဆည်းရမိသည်ဟု သတင်းတွင် ဖော်ပြသည်။

သူ့အား တရားဥပဒေနှင့်အညီ အမှုဖွင့် စစ်ဆေးခဲ့ရာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ရက်တွင် ကျီးကန်ပြင် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့သော Aqu Mul Mujahidin အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ၄င်းအား တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဟု သိရသည်။