English News

မောင်တောတောင်ပိုင်း အင်ဒင်းကျေးရွာမှ ပျောက်ဆုံးနေသူ ၃ ဦးထဲမှ ၂ ဦးကို ပြန်တွေ့

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ သြဂုတ် ၃၀

21105486_1631078076904263_4040980851269786325_n

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်ရွာမှ ပျောက်ဆုံးနေသူ သုံးဦးထဲမှ နှစ်ဦးကို အသက်ရှင်လျက် ပြန်လည် တွေ့ရှိခဲ့သည်ဟု အင်းဒင်အထက (ခွဲ) မှ ကျောင်းအုပ်ဆရာကြီး ဦးမောင်စံသိန်းက ပြောသည်။

ဦးမောင်နီ အသက် (၆၄) နှစ်၊ ဦးဖြူမောင် (၅၈) နှစ်ခန့်နှင့် ဦးမြင့်သိန်း အသက် (၄၀) ခန့်တို့သည် သြဂုတ်လ ၂၅ ရက်နေ့မှ ပျောက်ဆုံးနေရာ ယခုအခါ ဦးဖြူမောင်နှင့် ဦးမြင့်သိန်းတို့ကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

“အင်းဒင်ကျေးရွာက ပျောက်ဆုံးနေတဲ့ ၃ ယောက်အနက် ဦးဖြူမောင်နဲ့ ဦးမြင့်သိန်းတို့ကို ပြန်တွေ့ပါတယ်”ဟု ပြောသည်။

၃ ဦးထဲမှ တစ်ဦးဖြစ်သည့် ဦးမောင်နီကို ယခုအချိန်ထိ မတွေ့ရှိရသောကြောင့် သေပြီဟု ရွာသားများ ယူဆ ထားကြောင်း ဆိုသည်။

မည်သည့်အတွက်ကြောင့် ဦးဖြူမောင်နှင့် ဦးမြင့်သိန်းတို့ ပျောက်ဆုံးခဲ့ရသည်ကို ကာယကံရှင်များနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ခြင်း မရှိ၍ မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ။