English News

မောင်တောဒေသ ပရဟိတဘုန်းတော်ကြီးကျောင်းများသို့ ULTRA POWER ကုမ္ပဏီမှ ရိက္ခာပစ္စည်းများ လှူဒါန်း

အောင်ကျော်မင်း(မောင်တော)
နိရဉ္စရာ၊ ဧပြီ ၁၉

18033308_1499466923398713_5293796275921449211_n

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်းရှိ ပရဟိတဘုန်းတော်ကြီးကျောင်းများအတွက် ULTRA POWER ကုမ္ပဏီမှ ဆန်နှင့် ရိက္ခာများအပါအ၀င် အထောက်အပံ့ပစ္စည်းများကို များမကြာမီက ကူညီ ထောက်ပံ့ လှူဒါန်းခဲ့သည်ဟု သတင်းရရှိသည်။

၎င်းကုမ္ပဏီမှ နံသာတောင် ပရဟိတကျောင်း အတွက် ဆန် ၁၆၀ အိတ်၊ ဆီဖာ ၄၀၀ ၊ ငါးခြောက် ၈၀ ပိသာ၊ ပဲ ၄၀ အိတ်၊ ကြက်သွန်နီ ၁၀ အိတ်၊ ကြက်သွန်ဖြူ ၁ အိတ်၊ အချိုမှုန့် ၆ ဖာ၊ စာအုပ် ၃၆၀ ဒါဇင်၊ ဘောပန်လ် အချောင်း ၃၀ ပါ ဗူးပေါင်း ၈၃ ဗူး နှင့် ငရုတ်သီးခြောက်(၁)အိတ် တို့ ဖြစ်ကြသည်။

မောင်တော ၃ မိုင် ပရဟိတကျောင်း အတွက် ဆန် ၂၀ အိတ်၊ ဆီ ၅၀ ဖါ၊ ငါးခြောက် ၁၀ အိတ်၊ ပဲ ၅ အိတ် တို့ ဖြစ်သည်။

၎င်းပြင် အလိုတော်ပြည့် ပရဟိတကျောင်း အတွက် ဆန်အိတ် ၂၀ အိတ်၊ ဆီ ၅၀ဖာ၊ ငါးခြောက် ၁၀ အိတ်၊ ပဲ ၅ အိတ်တို့ လှူဒါန်းခဲ့သည်။

စုစုပေါင်း ဆန်အိတ် ၂၀၀၊ ပဲ ၃၀ ပိဿာ ၅၀၊ ငါးခြောက် ၁၀၀ အိတ် (စုစုပေါင်း ပိဿပေါင်း ၃၅၀၀)၊ ကြက်သွန်နီ ၂၅ ပိဿာဝင် အိပ်ကြီး ၁၀ အိတ်၊ ကြက်သွန်ဖြူ ၁ အိပ်၊ ဆီ ဖာ ၁၂ လီတာ ပါ ဖာပေါင်း ၅၀၀ ၊ ငရုတ်သီး ပိဿာ ၅၀၊ အချိုမူန့် ၆ ဖာ တို့ဖြစ်ကြသည်။

၎င်းလှူဒါန်းပွဲကို အခန်းအနားအား မြို့မကျောင်း ရှိလျှောင်းတော်မူ သိမ်တော်ကြီးတွင် ကျင်းပပြုလုပ်ရာ မြို့မကျောင်း ဆရာတော်ကြီး ဘဒ္ဒန္တကေတု မဟာဂန္တဝါစာကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မှ သြ၀ါဒ စကားများ ပြောကြားပြီး အလှူပစ္စည်းများအား နံသာတောင်ဆရာတော် ဘဒ္ဒန္တစရဏ(BA.Eco) အစိုးရဓမ္မာစရိယ မှ လက်ခံရယူပြီး ဂုဏ်ပြုလွှာပေးအပ်ခဲ့ကြောင်းသိရပါသည်

၎င်း အလှူများအထဲတွင် ကိုအောင်သန်း ဇနီဒေါ်မမေရှင် နှင့်မိသားစု အားမန်ကရာတေးအသင်း(စစ်တွေ)မှလည်း ဗလာစာအုပ် ဒါဇင် ၃၆၀ ၊ ဘောပန် ၃၀ ပါ ၈၃ ဗူး တို့ကို လှူဒါန်းခဲ့ ကြောင်းသိရပါသည်။