Advertising
English News

မောင်တောမြို့နယ်တွင် ဒေသန္တရလက်လုပ်မိုင်း ၁၁ လုံးတွေ့ရှိ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀

27867700_1824198220925580_8650247066344989328_n

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ငါးခူရ-ဒိုးတန်း အနီးမှ ဒေသန္တရ လက်လုပ် မိုင်းဟောင်း တစ်လုံးနှင့် မဲဒီကျေးရွာ စာသင်ကျောင်း အနီးမှ သံချေးတက်နေ့သည့် အဝေးထိန်း စနစ်သုံး လက်လုပ်မိုင်း ၁၀ လုံးတို့ကို တွေ့ရှိခဲ့သည်ဟု မြ၀တီ တွင် သတင်း ဖော်ပြသည်။

၎င်းမိုင်းများကို ဖေဖော်ဝါရီ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဒေသန္တရလက်လုပ်မိုင်းဟောင်း တစ်လုံး အား ဖေဖော်ဝါရီ ၉ ရက် ညပိုင်းတွင် မောင်တောမြို့နယ် ဒိုးတန်းကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ ငါးခူရ-ဒိုးတန်းသွား ကားလမ်းဘေး၌ မသင်္ကာဖွယ်ရာ ၀ါယာကြိုးစ တွေ့ရှိ၍ ရှင်းလင်းဖော်ထုတ်ရာမှ တွေ့ရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းလက်လုပ်မိုင်းမှာ အလျား ၈ လက်မ၊ အချင်း ၄ လက်မရှိပြီး ကားပစ္စတင်ဖြင့်ပြုလုပ်ထားသော လက်လုပ်ရှော့ခ်တိုက်မိုင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

အလားတူ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းကလည်း မောင်တောမြို့၊ မဲဒီကျေးရွာ စာသင်ကျောင်း အနီး၌ အကျယ် ၃ ပေ၊ အနက် ၃ ပေခန့် မြေကျင်းအတွင်း မြုပ်နှံထားသည့် မသင်္ကာဖွယ်ရာ အမည်းရောင် မိုးကာစဖုံးအုပ်၍ မြှုပ်နှံထားသည့် ပလတ်စတစ်ပုံး ပျက်တစ်လုံးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရှာဖွေရာမှ သံချေးတက်နေသည့် အဝေးထိန်းစနစ် သုံး လက်လုပ်မိုင်း ၁၀ လုံး တွေ့ရှိခဲ့သည်။

၎င်းမိုင်းတစ်လုံးစီမှာ အလျား ၁၀ လက်မ၊ အချင်း၂ လက်မခန့်ရှိပြီး သံပိုက်လုံးဖြင့် ပြုလုပ် ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

(ဓာတ်ပုံ- မြဝတီ)