Advertising
English News

မောင်တောမြို့နယ် လေးမြို့ကေဒီမှ မြိုအမျိုးသမီးတစ်ဦး အကြမ်းဖက် သတ်ဖြတ်ခံရ

နိရဉ္စရာ၊ ဧပြီ ၎

29791067_1882752325070169_4892361500931031082_n

မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တောနားခွဆုံအုပ်စု လေးမြို့ကေဒီရွာမှ အသက် ၃၆ နှစ်အရွယ် မြိုတိုင်းရင်းသူ အမျိုးသမီး တစ်ဦးကို အကြမ်းဖက် အုပ်စု တစ်ခုက သတ်ဖြတ်သွားခဲ့သည်ဟု သတင်းရရှိသည်။

“ ဖြစ်တာက ဒီနေ့ နံနက် ၁၂ နာရီမှာ ဖြစ်တာပါ။ ဟင်းသွားခူးတဲ့ အမျိုးသမီး ၅ ဦး၊ အမျိုးသား ၃ ဦးကို ဘင်္ဂလီ အကြမ်းဖက်သမား ၁၀ ကျော်က ၀ိုင်းထားပါတယ်။ ဓါးတွေ တုတ်တွေနဲ့ ၀ိုင်းထားပြီး လိုက်ဖမ်းတဲ့အခါ ဒေါ်ဆောင်းရွှီကို မိသွားပါတယ်။ ကျန်တဲ့ အမျိုးသမီးလေးဦးနဲ့ ယောင်္ကျား ၃ ဦးက ထွက်ပြေး လွတ်မြောက်သွားပါတယ်။ လွတ်လာတဲ့ အမျိုးသမီးတွေ အော်ဟစ် အကူအညီ တောင်းတဲ့ အတွက် အနီးအနားမှာ ငါးရှာနေတဲ့ အမျိုးသား ၅ ဦးက လိုက်ပါသွားတော့ အကြမ်းဖက်သမားတွေ ထွက်ပြေးသွားပါတယ်။ ဒေါ်ဆောင်းရွှီကိုတော့ သတ်ပြီး ပစ်ထားခဲ့ပါတယ်” ဟု သစ်တောနားခွဆုံ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ဇူက နိရဉ္စရာ သတင်းဌာနသို့ ယနေ့ ည ၉ နာရီအချိန်တွင် ဖုန်းမှ တစ်ဆင့် ပြောကြားသည်။

သေဆုံးသူ ဒေါ်ဆောင်းရွှီမှာ (ဘ) ဦးခိုင်ပက်၏ သမီးဖြစ်ပြီး သူမတွင် ယောင်္ကျားဖြစ်သူ ဦးစိန်ဒီးနှင့် ကလေး သုံးဦးကျန်နေခဲ့ကြောင်း သိရသည်။

“ ဒဏ်ရာက လေးချက်တွေ့ပါတယ်။ ဦးခေါင်းမှာ တစ်ချက်၊ လည်ပင်းမှာ ပြတ်ရှ ဒဏ်ရာ တွေ့ပါတယ်။ သူတို့ကို ၀ိုင်းခံခဲ့ရတဲ့ လိုင်သီချောင်းအစပ်မှာ ငှက်ပျိုးပင်တွေ ခုတ်ထားတဲ့ အပေါ်မှာ တင်ပြီး တွေ့ပါတယ်။ အဲဒီနေရာက ဟိန္ဒူလူမျိုးတွေ အသတ်ခံရတဲ့ နေရာနဲ့ နီးနီးလေးပါ” ဟု သူက ပြောသည်။

အလောင်းကို မောင်တောဆေးရုံသို့ ယူဆောင်သွားပြီဟု သိရသည်။

သစ်တောနားခွဆုံကျေးရွာ အုပ်စုတွင် မြိုကျေးရွာ (၁၀) ရွာရှိပြီး ၎င်းကျေးရွာများမှာ လေးမြို့ကေဒီ၊ မျောက်ခေါင်းတောင်၊ ပန်းချောင်း၊ ခရုချောင်း၊ ကုန်းရွာ၊ ဗန်တိုက်၊ အင်းချောင်းအောက်၊ အင်းချောင်းအထက်၊ ပျာရည်နှင့် ကျောက်လုံးကျေးရွာတို့ဖြစ်ပြီး ၎င်း အုပ်စုတွင် မြိုတိုင်းရင်းသား ၁၆၅၀ ဦး ရှိကြောင်း သိရသည်။ လေးမြို့ကေဒီကျေးရွာတွင် အိမ်ခြေ ၃၀ ခန့်ရှိကြောင်း သိရသည်။

“ သူတို့ ဘင်္ဂလီလို အီကျာအာ၊ အီကျာအာ အော်တဲ့ အသံကိုရော၊ သူတို့ရုပ်ကိုရော မြင်ရတဲ့ အတွက် ဘင်္ဂလီ အကြမ်းဖက်သမားတွေလို့ အတိအကျ ပြောလို့ရပါတယ်။ အရင်က ရဲဘော်ကျမှာ ဘင်္ဂလီတွေရှိပါတယ်။ အခုတော့ မရှိပါဘူး။ သူတို့က ဒေသခံ ဘင်္ဂလီတွေပါ။ ဒီဘက်ကို တစ်ဖက်နိုင်ငံကနေ ပြန်ဝင်လာပြီး အခုလို သတ်ဖြတ်သွားတာပါ” ဟု ဦးမောင်ဇူက ပြောသည်။

ယခုအခါ အကြမ်းဖက် လူသတ်သမားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။