Advertising
English News

မောင်တော ပြည်ထောင်စုနေ့တွင် ရခိုင်ရိုးရာကျင်ကိုင်ပွဲ ထည့်သွင်းကျင်းပမည်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၈

27545651_1821570374521698_2680501250315323448_n

ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံး မောင်တောမြို့၌ ကျင်းပမည့် (၇၁) နှစ်မြောက် ပြည်ထောင်စု နေ့တွင် ရခိုင်ရိုးရာကျင်ပွဲကို ထည့်သွင်းကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ရခိုင်ရိုးရာ ကျင်ပွဲ ရွှေမောင်းတန်းတွင် ပထဆုကို ကျပ်(၁၀) သိန်းချီးမြှင့်မည်ဖြစ်ပြီး ဒုတိယဆုကို ကျပ် (၆) သိန်းချီးမြှင့်မည် ဖြစ်သည်။

ငွေမောင်းတန်းတွင် ပထမဆုကို ကျပ် (၆) သိန်းနှင့် ဒုတိယဆုကို ကျပ် (၄) သိန်းချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ရိုးရာ ကျင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ထိ (၂ ) ရက်တိုင်တိုင် အမျိုးသားကြီးပွားရေးတိုးတက်ရေးကုမ္ပဏီမှ ကြီးမှူးပြီး မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ – Mg Waing Chay)