Advertising
English News

ရွှေပင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများမှ ဆရာတော်ဦးဥတ္တမရုပ်တုရှေ့တွင် ပန်းခွေချပြီး ဂါရ၀ပြု

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ စက်တင်ဘာ ၈

41202477_2089735231038543_7869236476981018624_n

စက်တင်ဘာ ၈ ရက်နေ့တွင် တစ်ရက်ကြိုပြီး စစ်တွေမြို့ ရွှေပင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည် စစ်တွေ ဦးဥတ္တမပန်းခြံရှိ ဆရာတော်ဦးဥတ္တမရုပ်တုရှေ့ တွင် ပန်းခွေချပြီး ဂုဏ်ပြု ပူဇော် ဂါရ၀ပြုခဲ့ကြသည်။

(၇၉) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ကို ခန်းနားကြီးကျယ်စွာ ကျင်းပရန် စစ်တွေတွင် စီစဉ်နေရာ ရွှေပင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ တစ်ရက်ကြိုပြီး ဆရာတော် ဦးဥတ္တမအား ဂုဏ်ပြု ပူဇော်ခဲ့ကြခြင်း ဖြစ်သည်။

41257902_2089735904371809_5614071053908180992_n

“ ရွှေပင်ကိုယ်ပိုင် အထက်တန်းကျောင်းက ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေက ညနေ ၄ နာရီကျော်မှာ ဆရာတော် ဦးဥတ္တမရုပ်တုရှေ့မှာ ပန်းခွေချပြီး ဂုဏ်ပြု ပူဇော်ကြပါတယ်။ ဆရာတော်ရဲ့ ကျေးဇူးတရားကြီးမားပုံနဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံ ဆောင်ရွက် ခဲ့ကြပုံကို ကျောင်းသား ကျောင်းသူတွေ အတုယူ အားကျစေလိုတဲ့ အတွက် အခု ကျောင်းသား ကျောင်းသူတွေကိုယ်တိုင်လာရောက်ပြီး ဂါရ၀ ပြုကြတာပါ” ဟု ရွှေပင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာတစ်ဦးက ပြောသည်။

41444487_2089736787705054_8336416369167826944_n

ယခုနှစ်တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့မှာ တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်တွင် ကျရောက်သဖြင့် ကျောင်းသားများ ကျောင်းမလာကြသဖြင့် တစ်နေ့ကြိုပြီး ဆရာတော်အား လာရောက် ပူဇော်ကြခြင်း ဖြစ်ကြောင်း ၎င်းကျောင်းဆရာက ပြောသည်။