Advertising
English News

အေးရှားဝေါလ်မှ လှူဒါန်းသည့် အငူမော်- မောင်တောကားလမ်းကို ယခုနှစ်တွင် မိုင် ၂၀ ကျော်ထိ အပြီးဖောက်လုပ်မည်ဟုဆို

နိရဉ္စရာ၊ ဇန်န၀ါရီ ၆

27459814_1819456694733066_8247899952447824551_n

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မယူကမ်း အငူမော်မှ မောင်တောထိ ၄၉ မိုင် ၆ ဖာလုံ အရှည်ရှိ ကျောက်ခင်းလမ်းကို အေးရှားဝေါလ် ကုမ္ပဏီမှ ကွန်ကရစ်လမ်း အဖြစ် အဆင့်မြင့်တင် ဖောက်လုပ်နေရာ ယခုနှစ်တွင် မိုင် ၂၀ ထိ ပြီးစီးအောင် ဖောက်လုပ်သွားမည်ဟု သိရသည်။

၎င်းလမ်းကို အေးရှားဝေါလ် ကုမ္ပဏီမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအရ လှူဒါန်းဖောက်လုပ်နေခြင်းဖြစ်ကြောင်း အေးရှားဝေါလ် ဖောင်ဒေးရှင်း အမှုဆောင်အဖွဲ့ဝင် ဦးမျိုးခိုင်က ပြောကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ယင်းလမ်းမှာ ယခင်က ကျောက်ခင်းလမ်း ၁၂ ပေ အကျယ်သာရှိပြီး ယခု ကွန်ကရစ်လမ်းအဖြစ် မြင့်တင်ပြီး ၁၈ ပေ အကျယ်ထိ ဖောက်လုပ်နေခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် စက်ယန္တရား၂၀၀ နီးပါးနှင့် လုပ်သား ၁၅၀၀ ခန့်ဖြင့် ဖောက်လုပ်နေကြောင်း၊ လမ်းခံနိုင်ရည်မှာ တန်၃၀ ခံနိုင်ရည်ရှိမည် ဖြစ်ကြောင်း သိရသည်။

လမ်းကောင်းလာပါ တစ်နာရီအတွင်း အငူမော်မှ မောင်တောကို ကားဖြင့် အရောက်သွားမည်ဟု သိရသည်။ ယခု လမ်းမကောင်းသဖြင့် ၅ နာရီ နီးပါးခန့် မောင်းနေရသည်ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က ပြောကြားသည်။

(ဓာတ်ပုံ- အေးရှားဝေါလ်ကုမ္ပဏီမှ လမ်းဖောက်လုပ်နေသည်ကို အငူမော်ရွာအနီးတွေ့ရစဉ်)