English News
  •   မေယုFM ထုတ်လွှင့်နေခြင်းအားရပ်တန့်ပေးရန် Arakan Youth Forum မှသဘောထားထုတ်ပြန်။

မြောက်ဦးတွင် မီးလောင်၍ နေအိမ် ၁ လုံး ဆုံးရှုံး

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇန်နဝါရီ ၁ဝ

15896300_1397629690249104_4515257414158690463_o

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ဇန်နဝါရီလ ၁ဝ ရက်နေ့ ညနေပိုင်းက မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့သည်ဟု မြောက်ဦးမြို့မရဲစခန်းမှ သိရသည်။

မီးလောင်မှုမှာ မြောက်ဦးမြို့ မြို့သစ်ရပ်ကွက်ရှိ ဦးမောင်သိန်းမြိုင်၏နေအိမ်တွင် ဇန်နဝါရီလ ၁ဝ ရက်နေ့ ညနေ ၇ နာရီ ၁ဝ ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန်းဖေက နိရဉ္စရာသို့ အတည်ပြုပြောသည်။

“ဦးမောင်သိန်းမြိုင်ရဲ့အမေ(၇၅ နှစ်)က ဖယောင်းတိုင်မီးနဲ့ ဘုရားကို ဆီမီးထွန်းပူဇော်ထားခဲ့ပြီး သမက်ဖြစ်သူရဲ့အိမ်ကို အိမ်လည်သွားနေစဉ်မှာ ဖယောင်းတိုင်မီးကနေတဆင့် ဝါးထရံကို မီးကူးစက်လောင်ကျွမ်းသွားတာပါ “ဟု စခန်းမှူးက ဆိုသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဦးမောင်သိန်းမြိုင်၏ သွပ်မိုး/ ဝါးထရံကာ/ ဝါးခင်း နေအိမ် ၁ လုံး မီးလောင်သွားပြီး ဆုံးရှုံးမှုတန်ဘိုးမှာ ကျပ် ၃ သောင်းခန့်ရှိသည်ဟု ရဲက ဆိုသော်လည်း ဒေသခံများ ဆုံးရှုံးပမာဏမှာ ထိုထက်များပြားသည်ဟု ဆိုသည်။

မီးလောင်မှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများဝိုင်းဝန်းမီးငြိမ်းသတ်မှုဖြင့် ညနေ ၇ နာရီ မိနစ် ၂ဝ ခန့်တွင် မီးငြိမ်း သွားသည်ဟုလည်း သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက်ဦးရဲက အမှုဖွင့်အရေးယူထားသည်ဟု စခန်းမှူးက ဆိုသည်။