English News

မြတန်ဆောင်းကျောင်းသူ/သား ရန်ပုံငွေ ဖေးမကရုဏာ စင်တင်တေးဂီဖြေဖျော်ပွဲ မင်းပြားတွင်ပြုလုပ်မည်

မဘုကေ
စစ်တွေ၊ မေ ၁၈

18485658_1525787204100018_3347221826122432040_n

ရခိုင်ပြည်နယ် မင်းပြားမြို့တွင် ဖေးမကရုဏာ စင်တင်တေးဂီတဖြေဖျော်ပွဲကို တစ်ခုကို မြတန်ဆောင်း (ဘက) ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသူ/သားများ ရန်ပုံငွေအတွက် ၂ ရက်တိုင်တိုင် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း ဖြေဖျော်ပွဲ စီစဉ်သူ ဒေါ် သန်းသန်းရီက နိရဉ္စရာသို့ပြောသည်။

တေးဂီတ ဖြေဖျော်ပွဲကို မင်းပြားမြို့ သံထောင်ကွင်းတွင် မေ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် ပြုလုပ် ကျင်းပသွားမည်ဖြစ်သည်။

“ ဒီဖြေဖျော်ပွဲ လုပ်ရတာက မြောက်ဦး မြတန်ဆောင်းကျောင်းမှာရှိတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ပညာဆက်လက်သင်ကြားနိုင်စေဖို့ အတွက် ရည်ရွယ်ပြီး ကျင်းပရတာပါ။ အဓိကတော့ ရန်ပုံငွေ ရရှိရေး ရှိုးပွဲ ဖြစ်ပါတယ်” ဟု ဒေါ် သန်းသန်းရီ က ပြောသည်။

ထိုဖြေဖျော်ပွဲတွင် ရခိုင် အဆိုပါတော်များ ဖြစ်ကြသည့် ခိုင်ပြည်ကျော်၊ ဒိုးအ်ရီ၊ ရဲလင်းအောင်၊ဘုန်းမြတ်၊ညီတိုး၊ ရီလှိုင်းပြာ၊ စောနှင်းနွယ်၊ ၀တီစိုးမိုး၊ ငြိမ်းစန္ဒာ၊ ပန်းအိနွယ်နှင့် အခြားအဆိုတော်များစွာလည်း အခမဲ့ ဖြေဖျော်သွားမည်ဟု သိရသည်။

တေးဂီတဖြေဖျော်ပွဲလက်မှတ်ကို တစ်စောင်လျှင် ၂၀၀၀ ကျပ်ဖြင့် ဆင်းရဲ၊ ချမ်းသာ မည်သူမဆို လူတိုင်းပါဝင် ကြည့်ရှုနိုင်စေရန် စီစဉ်ထားသည်ဟု သူမက ပြောကြားသည်။

မြတန်ဆောင်း ကျောင်းဆရာတော်မှာ ရက္ခိုင့်တပ်မတော် (အေအေဖလား) ဘော်လုံးပွဲကျင်းပမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဆိုပါ ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသား ကျောင်းသူ ၂၀၀ ကျော်မှာ ၎င်းကျောင်းတွင် ပညာဆက်လက် သင်ကြားရန် အခက်အခဲ ရှိနေသည်ဟု သိရှိရသည်။