English News

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေ့ရှ်တွင် အဒူလာကိန်း အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်၂ ဦးနှင့်အတူ လုပ်သေနတ်မျိုးစုံ ၁၇ လက်၊ ကျည်ဆံ

အောင်ကျော်မင်း(မောင်တော)
နိရဉ္စရာ၊ သြဂုတ် ၉

20664070_1611499352195469_3992757569217671066_n

မြန်မာနယ်စပ်အနီး ဘင်္ဂလားဒေရှ်နိုင်ငံ တက်ကနက်မြို့၌ မောင်တောမြို့နယ်တွင် သောင်းကျန်းနေသည့် အဒူလာကိန်း အကြမ်းဖက်အဖွဲ့၏ အဖွဲ့ဝင်၂ ဦးကို လုပ်သေနတ်မျိုးစုံ ၁၇ လက်၊ ကျည် ၄၄၂ တောင့်နှင့် အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

သြဂုတ် ၇ ရက် ည ၈ နာရီ ၃၀ အချိန် တွင် ဘင်္ဂလားဒေရှ် နိုင်ငံ၊ စစ်တကောင်းမြို့၊ အခြေစိုက် အမှတ်(၇) မူခင်းနှိမ်နှင်းရေး အထူးတပ်ဖွဲ့ RAB မှ ၀င်ရောက် ရှာဖွေစဉ် ဖမ်းမိခြင်း ဖြစ်သည်။

20708250_1611499302195474_4516163158525203177_n

အဒူလာကိမ်း၏ တပည့်များဖြစ်သည့် ဖော်ရိတ်အာလောင်(၃၅)နှစ် နှင့်
ရှောင်းရူးအာလောင် (၂၅)နှစ် တို့ နှစ်ဦး အားလက်နက်များနှင့် အတူ ဖမ်းမိခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။