Advertising
English News

မြန်မာနိုင်ငံအနောက်ဘက်နယ်စပ်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွား

နိရဉ္စရာ၊ သြဂုတ် ၃၀

40371405_2078137565531643_4076157266527518720_n

မြန်မာနှင့် အိန္ဒိယနယ်စပ်တွင် မြန်မာတပ်မတော်နှင့် သြဂုတ် ၂၉ ရက်နေ့က တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော် (အေအေ) မှ သတင်းထုတ်ပြန်သည်။

အေအေ သတင်းထုတ်ပြန်ချက်ထဲတွင် တိုက်ပွဲမှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၉) ရက်နေ့၊ နံနက် (၁၀) နာရီခန့်တွင် အိန္ဒိယ-ရခိုင်ပြည်နယ်စပ် အနီး၊ “မွီလိုက်ဝ” ကျေးရွာ မြောက်ဖက် အနီးတွင် မိနစ်(၃၀) ခန့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲ အတွင်း အေအေဘက်မှ လက်နက် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားသည့် သြဂုတ် ၂၉ ရက် ညနေ ၃ နာရီခန့်ထိ မြန်မာတပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် နယ်စပ် တောက်လျှောက် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများမှာ ၂၀၁၈ ခုနှစ်၊ မေလ(၂၈) နေ့တွင် နောက်ဆုံးဖြစ်ပွားခဲ့ပြီး သုံးလအကြာတွင် ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး မြန်မာတပ်မတော်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန် ထားခြင်း မရှိသေးပါ။