Advertising
English News

မြန်မာ-ဘင်္ဂလာ ၂၀ ကြိမ်မြောက် နတ်မြစ်တွင် ပူးတွဲကင်းလှည့်

နိရဉ္စရာ၊ စက်တင်ဘာ ၁၄

41816483_2096801930331873_4225867590104252416_n

မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ (၂၀) ကြိမ်မြောက် နတ်မြစ်အတွင်း ပူးတွဲကင်းလှည့်မှုကို စက်တင်ဘာ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု Teknafnews တွင် ဖော်ပြထားသည်။

ထိုသို့ကင်းလှည့်ရာတွင် တစ်ဖက်မှ တပ်ဖွဲ့ ၁၂ ဦးနှင့် ကင်းလှည့် စပိဘုတ် ၂ စီး စီ ပါဝင်သည်ဟု ဆိုသည်။

အဓိက နတ်မြစ်အတွင်း ပူးတွဲကင်းလှည့်ရခြင်းမှာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တားဆီးရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်သမားတို့ကို နှိမ်နှင်းရေးတို့အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နတ်မြစ်အတွင်းရှိ နယ်စပ် ရေမိုင်တိုင် အမှတ် ၁၁ မှ ၁၅ အတွင်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်.

အလားတူ ပူးတွဲ မြေပြင်ကင်းလှည့်မှုကိုလည်း ဘင်္ဂလာဒေ့ရှ်နှင့် မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့များသည် စက်တင်ဘာ ၁၂ ရက်နေ့ နံနယ် ၉ နာရီ ၁၅ မိနစ်မှ ၁၂ နာရီ ၁၅ မိနစ်ထိ နယ်နမိတ်မှတ်တိုင် ၄၇မှ ၄၈ အတွင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပူးတွဲကင်းလှည့်ရာတွင် မြန်မာဘက်မှ မောင်တောမြို့နယ် နယ်မြေ ၁၊ အမှတ် ၅ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ၊ အောင်သပြေစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ အမှတ်(၁၁) BGB တပ်ရင်း Fultoli ကင်းစခန်းမှ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရှိရသည်။