Advertising
English News

(၁၅) ကြိမ်မြောက် ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) တွင် မဏ္ဍပ် ၂၁ ခု

နိရဉ္စရာ၊ ဧပြီ ၁၀

30582211_1888726571139411_826334781284286464_n

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးဌာနမှ ကြီးမှူးပြီး ရခိုင်ရိုးရာယဉ်ကျေးမှု အဖွဲ့ (ရန်ကုန်)နှင့် မြို့နယ်အသင်းများ၊ ရခိုင်လူမှုရေး အသင်းအဖွဲ့များမှ စီစဉ် ကျင်းပသည့် (၁၅) ကြိမ်မြောက် ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်)ကို အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

(၁၅) ကြိမ်မြောက် ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော်တွင် မြို့နယ် ကိုယ်စားပြု မဏ္ဍပ်များ အပါအ၀င် လူမှုအဖွဲ့အစည်းကိုယ်စားပြု မဏ္ဍပ်ပေါင်း ၂၁ ခု ပါဝင် ရေကစားမည် ဖြစ်ပြီး ဈေးဆိုင်ပေါင်း ၆၈ ခန်းပါဝင်မည်ဟု ကျင်းပရေး ကော်မတီ အတွင်းရေးမှူး ကိုစိန်လိုင်မှ ပြောကြားသည်။

“ ဒီနှစ်မှာ မဏ္ဍပ်တွေ တိုးလာရတာက ရခိုင်ပေါင်းချုပ် အသင်း၊ မင်္ဂလာဒုံ လူမှုကူညီမှု အသင်း၊ တက္ကသိုလ် ကျောင်းသား မဏ္ဍပ်၊ ဒိုင်းနက်မြိုစတဲ့ မျိုးနွယ်စု မဏ္ဍပ်တွေ တိုးလာတဲ့ အတွက် ၂၁ ခုထိ တိုးသွားရတာ ဖြစ်ပါတယ်” ကိုစိန်လှိုင်မှ ပြောကြားသည်။

ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်)ကို ဧပြီ ၁၂ ရက်နေ့ မွန်းလွဲ (၁) နာရီတွင် နံ့သာသွေးပွဲဖြင့် ရခိုင်ပြည်နယ် ဓမ္မာရုံတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဧပြီ ၁၃ ရက် နံနက်က ၉ နာရီတွင် ဘုရားရေသပ္ပါယ်ပွဲကို ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၃ ရက်နေ့ မွန်းလွဲ (၁) နာရီတွင် သုဝဏ္ဍအားကစားကွင်းတွင် သင်္ကြန် ရေလောင်းမဏ္ဍပ် ဖွင့်လှစ်ပွဲကို ပြုလုပ်သွားမည်ဖြစ်ပြီး ဧပြီ ၁၆ ရက်နေ့ထိ နံနက် ၉ နာရီမှ ၅ နာရီထိ သင်္ကြန်ရေလောင်းပွဲတော်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(လွန်ခဲ့တဲ့နှစ်က ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန် (ရန်ကုန်))