Advertising
English News

(၅၄) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဘူးသီးတောင်တွင် ရဲတပ်ဖွဲ့ဝင်များ သန့်ရှင်းရေးလုပ်

နိရဉ္စရာ၊ စက်တင်ဘာ ၂၉

42763927_2114299915248741_5347383473503993856_n

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အေးစေတီကျောင်းဝင်းအတွင်း (၅၄) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရဲတပ်ဖွဲ့ဝင်များ သန့်ရှင်းရေး ပြုလုပ်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် စက်တင်ဘာ ၂၉ ရက်နံနက်က ဘူးသီးတောင်မြို့ အေးစေတီဘုန်းတော်ကြီးကျောင်းတိုက်၊ စေတီရင်ပြင်နှင့် ကျောင်းဝင်းအတွင်း အပြင်တို့တွင် အမှိုက်သရိုက်များ လှည်းကျင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

“ နံနက် ၈ နာရီကနေ ၉ နာရီခွဲထိ ကျောင်းဝင်းအတွင်း သန့်ရှင်းရေးလုပ်ခဲ့ပါတယ်။ ၅၄ နှစ်မြောက်ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုတဲ့ အနေနဲ့ ကုသိုလ် ကောင်းမှု ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းဘူးသီးတောင်မြို့နယ် အမှတ်(၃) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ ကွပ်ကဲမှု အဖွဲ့ခွဲမှူး ယာယီရဲမှူးကြီး ၀င်းသိန်းနှင့် အမှတ်(၈) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရဲနိုင်ဦးတို့မှ ဦးဆောင်ပြုလုပ်ခဲ့သည်ဟု သိရသည်။