Advertising
English News

၇၉ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ပေါက်တောတွင် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲနှင့် ဟောပြောစွမ်းရည် ပြိုင်ပွဲပြုလုပ်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ စက်တင်ဘာ ၈
41420225_2089682187710514_5138521520296951808_n
 
စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၇၉ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် ပေါက်တောမြို့ သာသနာ့ဗိမာန်တွင် ယနေ့ စက်တင်ဘာလ ၈ ရက်နေ့၌ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဟောပြောစွမ်းရည်ပြိုင်ပွဲတို့ကို ပေါက်တောမြို့ပေါ်မှ လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ပြုလုပ်ခဲ့သည်ဟု သိရသည်။
 
ပန်းချီပြိုင်ပွဲကို နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ရာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတို့မှ ၀င်ရောက်ယှဉ်ပြိုင်သူ ၂၀၀ ကျော် ရှိခဲ့သည်ဟု သိရသည်။
 
“အနာဂတ် မျိုးဆက်သစ်တွေ အနေနဲ့ ဆရာတော် ဦးဥတ္တမကို လေးစားအတုယူ အားကျစေဖို့နဲ့ ဆရာတော်ရဲ့ ဂုဏ်ကျေးဇူးကို အများပြည်သူ သိရှိစေနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပရတာဖြစ်ပါတယ်”ဟု ပွဲဖြစ်မြောက်ရေး ကော်မတီ တာဝန်ခံ ကိုကျော်ကျော်ခိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
 
ပေါက်တောမြို့ပေါ်မှ ရခိုင်လူမှုအဖွဲ့အစည်းများ အနေဖြင့် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများကို စုပေါင်း ကျင်းပလာခဲ့ကြသည်မှာ ယခုနှစ်နှင့်ဆိုလျှင် ၄ နှစ်ရှိပြီဟု သိရသည်။
41266478_2089682461043820_5424191782407634944_n
 
ပေါက်တောမြို့ကဲ့သို့ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ် ပြိုင်ပွဲနှင့် ဟောပြောစွမ်းရည် ပြိုင်ပွဲများကို စစ်တွေမြို့နှင့် မင်းပြားမြို့တို့တွင်လည်း ပြုလုပ်ခဲ့ကြပြီး မင်းပြားမြို့တွင် နက်ဖန်ကျင်းပမည့် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားသို့ ကျေးရွာများမှလည်း လာရောက်မည်ဖြစ်ပြီး ဟောပြောပွဲတစ်ခုကိုလည်း မင်းပြားမြို့ရှိ ဦးဥတ္တမ ပန်းခြံတွင် ပြုလုပ်သွားမည်ဟု သိရသည်။
 
ယခင်နှစ်များက ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားများကို ငြိမ်းစုစီမတင်ဘဲ ကျင်းပခွင့် ရရှိခဲ့ကြသော်လည်း ယခုနှစ်တွင် ငြိမ်းစုစီတင်၍ ကျင်းပနေကြရသည်ဟု လေ့လာသိရှိရသည်။
 
ဓာတ်ပုံ-ဖေ့စ်ဘုတ်