English News

(၈၉) ကြိမ်မြောက် သျှစ်သောင်း၊ထုက္ကန်၊ အံတော်သိမ်ဘုရားများ ဗုဒ္ဓပူဇနိယပွဲတော် မေလ ၈ ရက်နေ့ စတင်ကျင်းပမည်

နိရဉ္စရာ၊ ဧပြီ ၁၉

18010712_1499230986755640_8858849043144824758_n

ရခိုင်ပြည်နယ်မှ နာမည်ကြီး ဘုရားပွဲတော် တစ်ခု ဖြစ်သော မြောက်ဦးမြို့ (၈၉) ကြိမ်မြောက်သျှစ်သောင်း၊ထုက္ကန်၊ အံတော်သိမ်ဘုရားများ ဗုဒ္ဓပူဇနိယပွဲတော် မေလ ၈ ရက်နေ့ စတင်ကျင်းပမည်ဖြစ်သည်။

၎င်းဘုရားပွဲတော်ကို မေလ ၈ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၇) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ပဌာန်းပွဲ ကဆုန်ညောင်ရေသွန်းလောင်းပွဲကိုလည်း ပွဲတော်အတွင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

ပျော်ပွဲရွှင်ပွဲ အနေဖြင့် ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲ၊ ရခိုင်ရိုးရာလောင်း (လှေ)ပြိုင်ပွဲ၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။

ညပွဲများအနေဖြင့် ရခိုင်ရိုးရာယဉ်ကျေးမှုကဇာတ် နှင့် ရတနာသန်းအောင် အဆင့်မြင့်ဇာတ်သဘင်ပွဲတို့ ဖြင့် ဖြေဖျော်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

သျှစ်သောင်း၊ထုက္ကန်၊ အံတော်သိမ်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်သည် မိုးမစမီ ခြောက်သွေ့ရာသီ၏ နောက်ဆုံးပွဲ ဖြစ်သဖြင့် ရခိုင်ပြည်နယ် အတွင်း အထူးစည်ကားသော ဘုရားပွဲတော် တစ်ခု ဖြစ်ကြောင်း သိရသည်။

( ဓာတ်ပုံ- မရွှေလာပို့စ်)