Advertising
English News

ကြားဖြတ်ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ALD ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်း

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၉

36769727_1993051470706920_7545562871061544960_n

လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသော ရသေ့တောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ် ပြည်နယ် လွှတ်တော် နေရာအတွက် ပါဝင်ယှဉ်ပြိုင်မည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၏ ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ခရိုင် ရွေးကောက်ပွဲ ကော်မရှင်တွင် ယနေ့ ဇူလိုင် ၉ ရက်နေ့တွင် တင်သွင်းခဲ့သည်ဟု သိရသည်။

” ကျွန်တော်တို့ ပါတီ ကိုယ်စားလှယ်က ရသေ့တောင်မြို့ပေါ်က ဦးသိန်းမောင် ဖြစ်ပါတယ်။ ပါဝင် ယှဉ်ပြိုင်ဖို့အတွက် ဒီကနေ့ပဲ ကျွန်တော် တို့ အမည်စာရင်းတင်လိုက်တာဖြစ်ပါတယ်” ဟု ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဦးသိန်းမောင်သည် ၂ဝ၁၂ ခုနှစ်တွင် ALD ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ခဲ့ပြီး စစ်တွေ အထက(၂)၏ ကျောင်းအုပ်ဆရာကြီး(ငြိမ်း)လည်း ဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင်လစ်လပ်နေသည့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)နေရာအတွက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးသိန်းမောင်၊ NLD မှ ဦးခင်သန်းမောင်၊ ရခိုင်အမျိုးသားပါတီမှ ဦးလှမြင့်၊ တစ်သီး ပုဂ္ဂလအဖြစ် ဒေါက်တာအေးမောင်၏ သားအကြီးဆုံး ဖြစ်သူ ဦးတင်မောင်ဝင်း (AFP) လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်ပါတီအချို့လည်း ဝင်ပြိုင်ရန်စီစဉ်နေကြောင်း သိရသော်လည်း အတည်မပြုနိုင်သေးသည့်သတင်းများအရ

နိုဝင်ဘာလ ၃ ရက်နေ့ (စနေနေ့)တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ လစ်လပ်နေသည့် မဲဆန္ဒနယ်တစ်ခုတည်းသာရှိပြီး ယင်းနေရာမှာ ကွယ်လွန်သွားပြီဖြစ်သည့် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဖိုးမင်း၏ ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) ပြည်နယ် လွှတ်တော် နေရာဖြစ်သည်။