English News
  •   မေယုFM ထုတ်လွှင့်နေခြင်းအားရပ်တန့်ပေးရန် Arakan Youth Forum မှသဘောထားထုတ်ပြန်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးသံကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလာဒေ့ရှ် ရောက်ရှိ

နိရဉ္စရာ၊ ဇန်န၀ါရီ ၁၁

15941245_1397660546912685_3533421295007012581_n

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အထူးသံတမန် နိုင်ငံခြားရေး ၀န်ကြီး ဦးကျော်တင် ဦးဆောင်သော အဖွဲ့သည် ယခုအခါ ဘင်္ဂလာဒေ့ရှ်သို့ ရောက်ရှိနေပြီဟု ဘင်္ဂလာ သတင်းစာများတွင် ဖော်ပြသည်။

အဖွဲ့ဝင် သုံးဦးပါသော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ (၁၀-၁-၂၀၁၇) ရက်နေ့က မွန်းလွဲပိုင်း Novo လေကြောင်းဖြင့် ဒက္ကားမြို့ကို ရောက်ရှိလာသည်ဟု ဆိုသည်။

မြန်မာ သံတမန် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့တွင် ဘင်္ဂလာဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာ၊ နိုင်ငံခြားရေး ၀န်ကြီး အေအိပ်ခ်ျ မာဟ်မူအာလီ၊ နိုင်ငံခြားရေး အတွင်းဝန် အမ်းဒီ ချာဟီဒူရ် ဟုတ်နှင့် ယနေ့တွင် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

ယခု မြန်မာသံကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်မှာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ပေါ်ပေါက်နေသော ဘင်္ဂလီဆူပူအကြမ်းဖက်မူ ကိစ္စရပ်အပါအ၀င် ဇန်န၀ါရီ ၁၉ ရက် မလေးရှားနိုင်ငံ ကွာလာလာမ်ပူတွင် ကျင်းပမည့် OIC နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်ပြီး ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံသည် လာမည့် OIC နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်နေသော မူဆလင်များ၏ အရေးကိစ္စကို အဓိက တင်ပြ ဆွေးနွေးသွားရန် အစီအစဉ် ရှိနေသည်ဟု သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် စခန်း သုံးခု အတိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦးသေဆုံးခဲ့ရပြီးနောက် ဘင်္ဂလာဒေ့ရှ်သို့ မြန်မာနိုင်ငံမှ ဘင်္ဂလီ ဒုက္ခသည် ငါးသောင်းခန့် ခိုလုံရောက်ရှိနေကြောင်း ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ပြောသည်။

နိုင်ငံရေး ၀န်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးကျော်ဇေယျက ဘင်္ဂလာဒေ့ရှ်သို့ ရှောင်တိမ်းထွက်ပြေးသွားသူ ၂၄၁၅ ဦးကို ပြန်လည် လက်ခံမည်ဟု ပြောဆိုထားကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ရေးသား ဖော်ပြကြသည်။

(နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်)