နယ်စပ်ရေးရာ — July 2, 2012 at 10:34 am

လုံခြုံရေး ၅ ဆ တိုးမြှင့် ပေးမည်ဟု ဆိုသော်လည်း ဒေသခံ ရခိုင်တိုင်းရင်းသားများ ယုံကြည်မူ မရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများ အနေဖြင့် အစိုးရ တာဝန်ရှိသူများမှ လုံခြုံရေးကို ယခင်ကထက် (၅)  ဆခန့် တိုးမြှင့်ပေးမည်ဟု ဆိုသော်လည်း ယုံကြည်မူ မရှိ ဖြစ်နေကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။

“ မကြာခင်က မောင်တောမှာ မီးရှို့၊ လူသတ်တာတွေကို အကြမ်းဖက်သမားတွေ ကျူးလွန်သွားခဲ့တာဟာ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ မျက်စိ ရှေ့ထက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ ထိထိရောက်ရောက် ၀င်မတားခဲ့ပါဘူး။ ဒါ့ပြင် အခုအချိန်အခါမှာလည်း တချို့အာဏာပိုင်တွေဟာ လာဒ်ငွေတွေ ယူပြီး ဖမ်းရမယ့်သူကို မဖမ်း၊ မဖမ်းသင့်တဲ့ သူကို ဖမ်း ဒီလို လုပ်နေတဲ့ အတွက် သူတို့က လုံခြုံရေးကို တိုးမြှင့် ပေးမယ်ဆိုပေမယ့် မယုံကြည်ရဲဘဲ ဖြစ်နေကြပါတယ်” ဟု အမည် မဖေါ်လိုသူ မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

အခုအခါ မောင်တောမြို့နယ် အတွင်း တာဝန်ကျသူ တစ်ချို့ အရာရှိများ၏ ဖေါက်ပြန်မူကြောင့် အခြေအနေမှာ မတည်ငြိမ်ဘဲ ပိုမို ဆိုးရွားလာမည်ကို လူအများက စိုးရိမ်နေကြောင်း သူက ဆက်ပြောသည်။

“ အခုက ဘယ်လို ဖြစ်နေလဲဆိုတော့ တချို့ စစ်ဗိုလ်တွေဟာ အကြမ်းဖက်သမားတွေဆီက ပိုက် ဆံတွေယူပြီး သူတို့နဲ့ ပေါင်းနေတယ်။ ပီးရင် ဒေသခံ ဗုဒ္ဓဘာသာဝင်တွေကို ဖမ်းဆီးရိုက်နက် တာတွေတောင် ပြုလုပ်တာ ရှိနေပါတယ်။ ခရေမြိုင်ကျေးရွာမှာဆိုရင် ရွာသားတွေကို အကြမ်းဖက်တဲ့ ကုလားတွေက တိုက်ပေးတဲ့ အတွက် သစ်ခိုးတယ်၊ နွားခိုးတယ်ဆိုပြီး စွပ်စွဲ ဖမ်းဆီးရိုက်နှက် တာတွေလည်း ရှိပါတယ်” ဟု သူက ပြောသည်။

ယခုကဲ့သို့ တာဝန်ကျ အရာရှိများက လာဒ်ငွေများ ယူပြီး မတော်မတရား လုပ်နေခြင်းကို မောင်တောမြို့ပေါ်ရှိ စရဖနှင့် တခြား စစ်ဘက်ဆိုင်ရာ အထက် အရာရှိကြီးများကို သွားရောက်တိုင်ကြားသော်လည်း အရေးယူမူ တစ်စုံတစ်ရာ  မရှိဘဲ အကြမ်းဖက်သူများကို အရေးယူပေးမည်ဟုသာ ပြောကြောင်း ဒေသခံက ပြောသည်။

ခရေမြိုင်ကျေးရွာတွင် တာဝန်ကျနေသော စစ်အရာရှိသည် အကြမ်းဖက်သမားများမှ လက်ဆောင်ပေးသော ဘင်္ဂလာဒေခ်ျ့ လက်ကိုင်ဖုံးများကို ခါးတွင်ချိတ်ကာ ဒေသခံများ အပေါ် အနိုင်ကျင့်နေသည်မှာ အထူးစက်ရှုပ် ရွံရှာဖွယ်ကောင်းကြောင်း မျက်မြင် ရွာသားများက ပြောသည်။

ယခုကဲ့သို့ တာဝန်ကျ စစ်ဘက်ဆိုင်ရာ အရာရှိများမှ တိုင်းပြည် နိုင်ငံအရေးကို မကြည့်ဘဲ လာဒ်ငွေများ ယူကာ မိမိကိုယ်ကျိုးအတွက် ဆောင်ရွက်နေသဖြင့် မောင်တောဒေသတွင် ရခိုင်တိုင်းရင်းသားများ ဆက်လက် နေထိုင်ရန်မှာ မလွယ်ကူနိုင်တော့ကြောင်း ဒေသခံ အများစုက နိရဉ္စရာသို့ ပြောသည်။

မောင်တောမြို့နယ်တွင် ရှိနေသော ရခိုင်တိုင်းရင်းသားများမှာ လာဒ်ပေး လာဒ်ယူမူ ပြုလုပ်နေသော စစ် ဘက်ဆိုင်ရာ အရာရှိများနှင့် ဆူပူ အကြမ်းဖက်မူ ပြုလုပ်လိုသော မသမာသူများ အကြားတွင် အထူး ဘေးကျပ်နံကျပ် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

မောင်တောမြို့နယ်ရှိ ငွေကြေး တစ်ခုတည်းကိုသာ ကြည့်နေသော  လုံခြုံရေး တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာမှ အချိန်မှီ အရး မယူနိုင်ပါက ယခု ဖြစ်ပေါ်နေသော ဆူပူမူများမှာ ဆက်လက် ပေါ်ပေါက်လာအုံးမည့် အပြင်  မောင်တောမြို့နယ်မှာလည်း ယခုထက် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိသွားနိုင်သဖြင့် အထူး ရင်လေးစရာကောင်းနေကြောင်း မောင်တော ဒေသခံများက ပြောသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>