သတင်း — July 4, 2012 at 4:58 pm

လွှတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသား ၂၃ ဦးထဲတွင် ရခိုင်မှ ၂ ဦး ပါဝင်

မောင်ရမ္မာ

ယခု လွှတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယမန်နေ့က လွှတ်မြောက်လာသူ နိုင်ငံရေးသမား ၂၃ ဦးထဲတွင်  ရခိုင် နိုင်ငံရေးသမား အကျဉ်းသား  ၂ ဦး ပါဝင်သည်။

လွှတ်လာသူ နိုင်ငံရေးအကျဉ်းသားများကို ၈၈မျိုးဆက်ကျောင်းသားများနှင့် အတူ ၈၈ ရုံးရှေ့တွင် တွ့ရစဉ်။

သူတို့မှာ အသင်းအဖွဲ့ ၇၊ ၁၃/၁ ဖြင့် ထောင် ၆ နှစ် ချ မှတ်ခံထားရသူ မိုးသီး (ခေါ်) အောင်မိုးဇော်နှင့် အောင်နိုင်တို့ဖြစ်ကြသည်။ ကိုမိုးသီး (ခေါ်) ကိုအောင်မိုးဇော်မှာ အင်းစိန်ထောင်မှ လွှတ်လာပြီး ကိုအောင်နိုင်မှာ ဘားအံထောင်မှ လွှတ်မြောက်လာခြင်း ဖြစ်သည်။

သူတို့နှစ်ဦး လွတ်မြောက်လာခြင်းမှာ မှန်ကန်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရုံး (ရန်ကုန်) ရုံးတာဝန်ရှိသူတဦးက နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ မနေ့က လွတ်လာတဲ့အထဲမှာ ရခိုင်က နှစ်ယောက် ပါပါတယ်။ အောင်နိုင်နဲ့ အောင်မိုးဇော်တို့ ဖြစ်ပါတယ် ” ဟု ပြောသည်။

အကျဉ်းထောင်ထဲတွင် နောက်ထက် ရခိုင် နိုင်ငံရေးသမား ၂ ဦး ကျန်ရှိနေသေးပြီး ၎င်းတို့မှာ အင်းစိန် ဗဟိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသော ရဲထက်စိုးနှင့် ပခုက္ကူ အကျဉ်းထောင်တွင် အကျဉ်းကျနေသော နိုင်စိုး(ခေါ်) မဲလုံးတို့ဖြစ်သည်။

ယခု လွှတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသား ၂၃ ဦးမှာ အောက်ပိုင်း အတိုင်း ဖြစ်သည်။

၁။ ကိုအေးအောင် ( ကလေး အကျဉ်းထောင်)
၂။ ကိုအောင်အောင်ဦး ( ကသာ အကျဉ်းထောင်)
၃။ ဒေါ်လှလှဝင်း(ခ)ဒေါ်ဝင်း (ကော့သောင်း အကျဉ်းထောင်)
၎။ ကိုပြည့်ဖြိုးမောင် (ပြည်အကျဉ်းထောင်)
၅။ ကိုအောင်နိုင် (ဖားအံ အကျဉ်းထောင်)
၆။ ဦးဝီရိယ (ခ)ခင်မောင်ဝင်း (မန္တလေး အကျဉ်းထောင်)
၇။ ဒေါက်တာကျော်ကျော် (မြင်းခြံ အကျဉ်းထောင်)
၈။ ခွန်ကောရီယို(ခ)မာရီယို (မြင်းခြံ အကျဉ်းထောင်)
၉။ ကိုသန့်ဇော်(ခ)သန်းဇော် (သရက် အကျဉ်းထောင်)
၁၀။ ကိုအန်ထောနီ(ခ)ထွန်းမြ (အင်းစိန် အကျဉ်းထောင်)
၁၁။ ကိုအောင်မိုးဇော်(ခ)မိုးသီး (အင်းစိန် အကျဉ်းထောင်)
၁၂။ မအေးအေးနွယ် (အင်းစိန် အကျဉ်းထောင်)
၁၃။ ကိုအေးသိန်း(ခ)ရန်နိုင် (အင်းစိန် အကျဉ်းထောင်)
၁၄။ ကိုမြင့်ကြိုင် (အင်းစိန်အကျဉ်းထောင်)
၁၅။ စောဖရန်စစ် (ခ)ကျော်ကျော် (အင်းစိန်အကျဉ်းထောင်)
၁၆။ စောနိုင်ဝင်း(ခ) အလက်ဇန္ဒား (အင်းစိန်အကျဉ်းထောင်)
၁၇။ မဇာနည်ဦး(ခ)ဇာဇာ (အင်းစိန် အကျဉ်းထောင်)
၁၈။ စောဝီလီယမ် (အင်းစိန်အကျဉ်းထောင်)
၁၉။ ကိုဇော်မင်းအောင် (အင်းစိန်အကျဉ်းထောင်)
၂၀။ ကိုထွန်းမြတ်သူ (အင်းစိန်အကျဉ်းထောင်)
၂၁။ မဦး (ထားဝယ်အကျဉ်းထောင်)
၂၂။ မ၀ါ (ထားဝယ်အကျဉ်းထောင်)
၂၃။ ကိုဝင်းလွင် (ထားဝယ်အကျဉ်းထောင်)

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>