သတင်း — July 6, 2012 at 2:41 pm

ဘင်္ဂလာဒေခ်ျ့ဘက်မှ မြန်မာသို့ တင်ပို့သော ဆန်အိတ် ၃၂၃ အိတ် ဖမ်းဆီးခံရ

ထွန်းထွန်း

ဆူပူ အကြမ်းဖက်မူနှင့် မတည်ငြိမ်မူကြောင့် ဆန် ရှားပါးစ ပြုနေသော မောင်တောမြို့နယ်သို့  တင်ပို့သော ဆန်အိတ် ၃၂၃ အိတ်ကို ဘင်္ဂလာဒေခ်ျ့ နယ်ခြား စောင့် တပ်ဖွဲ့က တက်ကနက် နယ်စပ်တွင် ဖမ်းဆီးလိုက်သည်။

နတ်မြစ် တလျှောက်တွင် ဘင်္ဂလာဘက်က လုံခြုံရေးကို တိုးမြှင့်ပြီး ယခုလို နေ့ညမပြတ် စောင့်ကြည့်နေသည်။

ကော့စ်ဘဇားခရိုင် တက်ကနက် မြို့နယ် ညလားတွင် အဆိုပါ ဆန်အိန်များကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကော့စ်ဘဇားခရိုင်ထုတ် The Daily Saiket သတင်းစာတွင် ဖေါ်ပြသည်။

၎င်း ဆန်အိတ်များကို ဇူလိုင်လ ၄ရက်နေ့ နံနက် ၉နာရီမှာ ညလားမြို့မှ  ဆန်ပိုင်ရှင် မိုဟာမတ် ဟိုဆောင်း ဂိုဒေါင်မှ ဖမ်းဆီးရမိသည်ဟု ဆိုသည်။

စစ်တကောင်းမြို့မှ  ထရက်ကား (နံပါတ် ၁၁-၃၀၃၈)နဲ့ တင်ယူလာ ဆန်အိတ်များကို မိုဟာမတ် ဟိုဆောင်း ဂိုဒေါင်တွင် ချနေစဉ် ဘီဂျီဘီ တာဝန်ရှိသူများက အဆိုပါ ဆန်အိတ်များကို ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

၎င်း ဆန်အိတ်များကို မြန်မာနိုင်ငံသို့ တင်ပို့ရန် အတွက် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း သတင်းအရ ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်တွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူများ ဖြစ်ပေါ်ပြီးနောက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ပုံမှန် အနေအထားသို့ မရောက်ရှိသေးသဖြင့် မြန်မာနိုင်ငံ အနောက်ဘက်ဒေသ မောင်တောမြို့နယ်တွင် ဆန်ရှားပါးနေပြီး ဈေးတက်နေကြောင်း သိရသည်။

စီးပွားရေး  သမားများ အနေဖြင့် အဆိုပါ အခွင့်အရေးကို အသုံးချပြီး မြန်မာနိုင်ငံသို့ ဆန်တင်ပို့ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဘီဂျီဘီ တာဝန်ရှိသူက ပြောသည်။

ဖမ်းဆီးရမိသည့်  ဆန်အိတ်များကို တက်ကနက် အကောက်ခွန်ဌာနသို့ လွဲပြောင်းပြီး ဆန်ပိုင်ရှင် မိုဟာမတ် ဟိုဆောင်းကိုမူ ဘီဂျီဘီမှ  တက်ကနက် ရဲစခန်းသို့ လွှဲပြောင်းပေးလိုက် သည်ဟုဆိုသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>