သတင်း — July 7, 2012 at 2:56 pm

ပြည်သူ့လွတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် အဖွဲ့ စစ်တွေသို့ရောက်ရှိ

မောင်အေး

ပြည့်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည်  ယနေ့ နံနက်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သတင်း ရရှိသည်။

သူရ ဦးရွှေမန်းနှင့် အတူ  ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးမောင်ညို၊ ဒေါ်ခင်စောဝေနှင့် ဦးဘရှင်တို့လိုက်ပါလာကြောင်း ရတပ ပါတီခေါင်း ဆောင်တဦးက ပြောသည်။

“ ဟုတ်ကဲ့ ဒီနေ့မနက်ပိုင်းက ရောက်ပါတယ်။ ကျွန်တော်တို့ပါတီက ပြည့်သူက လွှတ်တော် ကိုယ်စားလှယ် သုံးဦး လည်းပါတယ်။ ကျွန်တော်တို့နဲ့တော့ မတွေ့ရသေးဘူး။ နေ့လည်ပိုင်း လောက်မှ တွေ့ရမယ်လို့ သိရတယ်” ဟု အဆိုပါ ရတပ ပါတီခေါင်းဆောင်ကပြောသည်။

ဦးရွှေမန်း ဦးဆောင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှာ မောင်တော၊ ရသေ့တောင်နှင့် ဘူးသီးတောင် မြို့များသို့လည်း သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။

ဦးရွှေမန်းနှင့်အဖွဲ့မှာ ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး လာရသူ ဒုက္ခသည်များနှင့် နေအိမ်များမီးရှို့ခံရသည့် ဒုက္ခသည်များကို လွှတ်တော် ကိုယ်စားလှယ်များ၏ သုံးရက်စာ စရိတ် သိန်းပေါင်း ၁၂၀ ကျော်ကို လှူဒါန်းရန် လာရောက်ခြင်း ဖြစ်ကြောင်း သူကဆက်ပြောသည်။

ယခုလက်ရှိ စစ်တွေမြို့ တွင် နေအိမ်မပြန်နိုင်သည့် ဒုက္ခသည်အများအပြားရှိပြီး လုံးခြုံရေးအရလည်း ပိုသတိထားနေရကြောင်း လူမှုကယ်ဆယ်ရေး လုပ်ကိုင်နေသူတဦး ဖြစ်သူ ကိုအောင်ကျော်ညွန့်က ယခုကဲ့သို့ ပြောသည်။

“လုံခြုံရေးအခြေအနေက အခုပိုသတိထားရတယ်။ ဘာကြောင့်လည်းဆိုတော့ အရင်ကလို အုပ်စုလိုက် တိုက် ထိုက်တွေ့ တာမရှိပေမဲ့ မသမာသူတွေက ဟိုက တယောက် ဒီက တယောက် ပေါ်လာပြီး နေအိမ်တွေကို မီး လျှို့ဖို့ကြိုးစားတာတွေရှိနေတယ်” ဟု ပြောသည်။

ဇွန်လ ၅ ရက်နေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အမ်းမြို့နယ် မဲဆန္ဒနယ်မြေမှ ဦးသိန်းဆွေက ရခိုင် ပြည်နယ် တွင်ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေသည့် ဒေသခံဒုက္ခသည်များအား မိမိတို့နေ့ စားစရိတ် ၃ ရက်စာကို စုပေါင်းလှူဒါန်းရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မီတီနှင့် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့က ပြည်သူ့လွတ်တော် များပါဝင်သည့် အဖွဲ့ တဖွဲ့စေလွှတ်ရန် တိုက်တွန်းခဲ့သည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>