သတင်း — July 10, 2012 at 9:24 am

လှေနစ်သေဆုံးရာတွင် စစ်တွေ တက္ကသိုလ်မှ ကထိကတစ်ဦး ပါဝင်

ထွန်းထွန်း

ပေါက်တောမြို့နယ် ဖရုံကာကျွန်းတွင် ခိုလုံနေရာမှ စစ်တွေမြို့သို့ ပြန်လည် ၀င်ရောက်လာသည့် စက်လှေ တစ်စီး စစ်တွေမြို့ အ၀င်တွင် နစ်မြုပ်၍ လူအများအပြား သေဆုံးသွားရာ ထိုအထဲတွင် စစ်တွေ တက္ကသိုလ်မှ ကထိက တစ်ဦး ပါဝင်သွားကြောင်း သတင်း ဖြစ်ပေါ်နေသည်ဟု သိရသည်။

“ အခု ဒီမှာ သတင်း ဖြစ်နေတာကစက်လှေ နစ်ပြီး သေဆုံးသွားတဲ့ လူ ၃၀ ထဲမှာ ဆရာမ ဒေါ်ခင်ရွှေ လည်း ပါသွားတယ်လို့ သိရပါတယ်။ ဆရာမက ဘင်္ဂလီလူမျိုး ဆရာမ ဖြစ်ပါတယ်။ စက်လှေတွေနဲ့ ထွက်ပြေးသွားတဲ့ အထဲမှာ ပါဝင်သွားပြီး စစ်တွေ ပြန်အ၀င်မှာ သဲချောင်းအ၀မှာ စက်လှေနစ်တဲ့ အထဲမှာ ပါသွားတယ်လို့ သတင်းရပါတယ် ” ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် စစ်တွေမြို့မှ ထွက်ပြေးသွားသူ မွတ်ဆလင် လူမျိုးများကို စစ်တွေမြို့သို့ ပြန်လည် ခေါ်ယူပြီး နေရာချပေးနေရာ ကထိက ဒေါ်ခင်ရွှေ လိုက်ပါလာသော စက်လှေ မှာ စစ်တွေ သဲချောင်းဝတွင် လိုင်းကြီး ရေစီးကြမ်းရာမှ နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေမှာ တခြား စက်လှေ ၁၅ စီးခန့်နှင့် အတူ ပေါက်တောမြို့နယ် ဖရုံကာကျွန်းမှ စစ်တွေမြို့သို့ ပြန်လာစဉ် သဲချောင်းဝတွင် ဇူလိုင်လ ၇ ရက်နေ့က နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“အဲဒီနေ့ ညနေ  ၃နာရီခန့်မှာ စက်လှေ နစ်မြုပ်တယ်လို့သိပါရတယ်။ အနည်းဆုံး ၂၆ဦးသေဆုံးပြီး တချို့ပျောက်ဆုံး နေတယ်လို့ သိရတယ်။ စက်လှေပေါ်မှာ ပါလာတဲ့ လူ ၅ ဦးဘဲ အသက်ရှင် ကျန်ရစ်တယ်လို့ ကြားရပါတယ်” ဟု စစ်တွေ ဒေသခံက ပြောသည်။

စစ်တွေမှ အမျိုးသမီး တစ်ဦးမှလည်း စက်လှေနစ်ရာတွင် သေဆုံးသွားသူ ကထိက ဒေါ်ခင်ရွှေ၏ အလောင်းအား ယနေ့ နံနက်က စစ်တွေ တက္ကသိုလ်သို့ ယူဆောင်လာသည်ဟု သတင်း ရရှိကြောင်း ပြောကြားသည်။

သို့သော်လည်း စစ်တွေ တက္ကသိုလ်သို့ ဆက်သွယ်ရာ ဖုံး အဆက်အသွယ် မရရှိခဲ့ပါ။

ကထိက ဒေါ်ခင်ရွှေမှာ အသက် ၅၀ ခန့်ရှိပြီး သင်္ချာ ဌာနမှ ကထိက ဖြစ်ကာ  စစ်တွေ တရားသီးစုဘက်တွင် နေထိုင်ခဲ့သည်ဟု သိရှိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>