နိုင်ငံရေး — July 11, 2012 at 8:01 am

ရခိုင်အရေးကမ္ဘာ.ခေါင်းဆောင်နှင့်ဆွေးနွေး

၂၀၁၂ ခုနှစ်၊ဇူလိုင်လ(၆)ရက်နေ.တွင် ဘားမားယူနီယံ အင်တာနေရှင်နယ် ဥက္ကဌ အယ်ဒီတာဦးဝင်းခက်၊ ရခိုင်ဒီမို ကရေစီအဖွဲ.ချုပ် (ပြည်ပ) နာယကကြီး ဦးခင်မောင်ကြည် (အဝေးရောက်သံတမန်တစ်ဦး)၊ ဘားမား ယူနီယံ အင်တာ နေရှင်နယ်မှ ကိုကောင်းမြတ်သူနှင့် မစန္ဒီသင်းသင်းမာ တို.နှင့်အတူ လန်ဒန်မြို.တွင် အခြေ စိုက်သော အပြည် ပြည် ဆိုင်ရာဆိုရှယ်လစ် အဖွဲ.ချုပ် ( The Socialist International) ၏ သက်တန်း ရှည် အထွေ ထွေ အတွင်းရေးမှုး ချုပ် မစ္စတာ လူစ္စ အာယာလာ (Mr.Luis Ayala) နှင့်သွားရောက်တွေ.ဆုံခဲ့ကြပါသည်။

ဦးခင်မောင်ကြည်၊ ဦးဝင်းခက် ၊ မစ္စတာ လူစ္စ အိုင်ယာလာ၊ မစန္ဒီသင်းသင်းမာ၊ ကိုကောင်းမြတ်သူ

အယ်ဒီတာဦးဝင်းခက်သည် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် (NLD) တည်ထောင်စဉ်ကပင် တတ်သိပညာရှင် တစ်ဦး အဖြစ် ပါဝင်ခဲ့သူဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အား အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်အဖွဲ.ချုပ်၏ အထူးဂုဏ်ထူး ဆောင် ဥက္ကဌ (Special Honorary President) အဖြစ်တင်မြောက်ခြင်းကို ဂုဏ်ယူဝမ်း သာ ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှု တချို.နှင့် ထိုင်း နိုင်ငံနှင့် မလေးရှား နိုင်ငံ များတွင် ရွေ. ပြောင်း အလုပ်သမားများ အဖြစ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားအမြောက်အများ အတွက် သာရေး နာရေး ကိစ္စရပ်များကို အကူအညီပေးရန်တင်ပြခဲ့ပါသည်။

ရခိုင်ဒီမိုကရေစီအဖွဲ.ချုပ်(ပြည်ပ) ၏ နာယကကြီး ဦးခင်မောင်ကြည် က ယခုနှစ် ဇွန်လ ကစတင်ဖြစ်ပွားခဲ့ သော ဌာနေတိုင်းရင်း သားရခိုင်လူမျိုးများနှင့် တဘက်နိုင်ငံမှ တရားမ၀င်ခိုးဝင် အခြေချနေထိုင်နေကြသော ဘင်္ဂါလီလူမျိုး များ၏ ရန်ပွဲကို ပြည်ပနေကိုယ်ကျိုးရှာစားနေကြသော ရိုဟင်ဂျာဆိုသူများက ပြဿနာပိုမို ကြီးထွားလာစေရန် ဘာသာ ရေးစစ်ပွဲနှင့် လူမျိုးစစ်ပွဲအဖြစ် ဖန်တီးနေကြပုံများကို ရှင်းလင်းပြောပြခဲ့ပါသည်။ ထို.ပြင် ရိုဟင်ဂျာ ဇစ်မြစ်နှင့် ရိုဟင်ဂျာ ဖန်တီးရှင်များ အကြောင်းကို ပြောဆိုရှင်းပြရုံသာမက စာဖြင့်ရေး သားပြီးတင်ပြခဲ့ပါသည်။ ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သော ရန်ပွဲကြောင့် ရခိုင်လူမျိုး အများအပြားသေကျေ ပျက်စီး ပြီး အိုးအိမ်များ၊ ဘုန်းကြီးကျောင်းများ မီးရှို. ခံရသည်များကို အစိုးရမဟုတ်သော ပြည်ပ အကူအညီပေးရေး အဖွဲ. များ (NGOs)  က ကျူးကျော်လာရောက်နေထိုင် သူဘင်္ဂလီ များ ကို သာအဓိက အကူအညီပေးနေ သည့်ကိစ္စကို သမာသမတ်နှင့်ဂုဏ်သိက္ခာရှိစွာ ဖြင့် တကယ်နစ်နာသူရခိုင် လူမျိုး များ ကိုသာ ခံစားနိုင်ရန် ပြော ဆိုတင်ပြခဲ့ပါသည်။ ရခိုင်လူမျိုးများနှင့် ကချင်လူမျိုးများကို အထူးကိစ္စ တရပ်အနေဖြင့် အကူ အညီ ပေးရန်ကိစ္စ ကိုဖြစ်ပျက်နေသော ရန်ပွဲနှင့် စစ်ပွဲများကို ရှင်းပြကာ တောင်းဆိုခဲ့ပါသည်။ လူ.အခွင့်အရေး ဘမ်း ပြပြီး ဖွဲ.စည်းထားသော အဖွဲ.များသည် ငွေမျက်နှာ ဘက်လိုက်မှုများရှိနေ၍ကမ္ဘာ. နိုင်ငံရေးပါတီ များ ၏ အဖွဲ.ချုပ် ဖြစ် သည့် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ် အဖွဲ.ချုပ်ကြီး ကရခိုင်ပြည်နယ် သို. ကိုယ်စားလှယ် များ စေ လွတ်၍ ဆောင် ရွက် ပေးရန်ကိုလည်း မေတ္တာရပ်ခံခဲ့ပါသည်။

မစန္ဒီသင်းသင်းမာ ကလည်း လန်ဒန်မြို.နေမြန်မာရိုဟင်ဂျာ ဆိုသူများသည် ဗြတိသျှပါလီမန်တွင် အမတ်အ ချို.ထံသွား ရောက်ပြီး စစ်တပ်နှင့် လုံခြုံးထိန်း ရဲများက ရိုဟင်ဂျာ ၆၅၀ ကို သတ်ဖြစ်ခဲ့ပြီး ရိုဟင်ဂျာ အများ အပြား ဒဏ်ရာရပြီး ပြောက်ဆုံးနေသည်ဟု လိမ်ညာနေပုံများနှင့် မူဆလင် အသင်းအဖွဲ.များ မှလည်း လိမ်ငြာ ၍ အလှုခံနေသည်များကို လည်း ဖြည့်စွက် ရှင်းပြခဲ့ပါသည်။ ကိုကောင်းမြတ်သူ ကလည်း အခြေအ နေအရပ်ရပ်ကို ဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ပါသည်။

အပြည်ပြည် ဆိုင်ရာ ဆိုရှယ်လစ်အဖွဲ.ချုပ် ၏ အတွင်းရေးမှုး ချုပ် မစ္စတာလူစ္စ အာယာလာ (Luis Ayala) သည် အယ်ဒီတာဦးဝင်းခက်နှင့် အဆိုပါအဖွဲ.ချုပ် ကွန်ဂရက်အစည်းဝေးပွဲများတွင် ခုနှစ် နှစ်ခန်. ဆက်တိုက် တွေ.ဘူး ၍အလွန်ရင်းနှီးခင်မင်စွာ ဖက်လဲတကင်း ကြိုဆိုပြီး၊ မြန်မာနိုင်ငံအကြောင်းကို ဂဃနဏ ပြန်လည် ဆွေးနွေး တင်ပြခဲ့ပါသည်။ သူ.အနေဖြင့်တတ်နိုင်သည့်ဘက်မှ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးကာလမှာ အေးအေးချမ်းချမ်း ဖြစ်အောင် အကူညီပေးလျှက်ရှိကြောင်းနှင့် နောင်လာမည့် တောင်အာဖရိက တိုက်တွင် သုံးနှစ် တစ်ကြိမ် ပြုလုပ်မည့်၂၀၁၂စက်တင်ဘာကွန်ဖရင့်သို.တက်ရောက်ရန် ဦးခင်မောင်ကြည်အားဖိတ်ကြားလိုကြောင်းနှင့်ဒေါ်အောင် ဆန်း စုကြည် အားလည်း ဖိတ်ကြားမည်ဖြစ်ကြောင်းပြောဆို သည်။

အပြည်ပြည်ဆိုင်ရာဆိုရှယ်လစ် အဖွဲ.ချုပ်ကို ၁၉၅၁ ခုနှစ် အလုပ်သမား လှုပ်ရှားမှု ကစတင်ပေါ်ပေါက်လာခဲ့ ပြီး အဖွဲ. ချုပ်တွင် နိုင်ငံပေါင်းများစွာက ဆိုရှယ်လစ် ဒီမိုကရက် ပါတီများ၊ ဆိုရှယ်လစ်ပါတီများနှင့် အလုပ် သမားလေ ဘာပါတီပေါင်း ယခုလောလောဆယ်တွင် ၁၆၁ ပါတီ ပါဝင်နေပါသည်။ အချို.နိုင်ငံရေးပါတီများ သည် အာဏာရ အစိုးရ ဖြစ်နေပြီး အချို.ပါတီများ သည် အတိုက်အခံပါတီများဖြစ်နေပါသည်။ အဖွဲ.ချုပ်၏ အဓိက ရည်ရွယ်ချက်တွင် ပဋိပက္ခများ ကို ငြိမ်းချမ်းစွာ အဆုံးသတ်စေရေး၊ ဒီမိုကရေစီ စနစ်ရှင်သန်ကြီးလာရန် ထောက်ပံ့အားပေးရေး၊ ဒီမိုက ရေစီ ရွေးကောက်ပွဲများ ကိုလေ့လာရေးနှင့် စီးပွား ရေး၊ လူမှုရေးနှင့် ကျန်းမာရေး၊ HIV, AIDS ရောဂါရှင်များအား ကူညီ စောင့်ရှောက်ရေး စည်များကို ဦးစား ပေး ဆောင်ရွက် လျှက်ရှိပါသည်။

မြန်မာ့အရေး၊ ရခိုင့်အရေးနှင့် ကချင် အရေး ကို ကမ္ဘာ.ခေါင်းဆောင် တစ်ဦးဖြစ်သည့် မစ္စတာ လူစ္စ အာယာ လာနှင့် ဆွေးနွေးချိန် တစ်နာရီခွဲကြာမြင့်ခဲ့ပြီး နှစ်ဘက်အပြန်အလှန်ဆွေးနွေးမှု ရလာဒ်သည် အင်မတန် အကျိုးရှိပါသည်။

 

ကောင်းမြတ်သူ ရေးသားပေးပို.သည်

ဖုန်း- +၄၄ ၇၅၁၂၁ ၅၅၀၁၆ (ယူကေ)

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>