သတင်း — July 11, 2012 at 10:22 am

မစိုးရိမ်ဆရာတော် ဦးဝီရသူနှင့် ၈၈ ကျောင်းသား ခေါင်းဆောင်များ စစ်တွေသို့ ရောက်ရှိ

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မူကြောင့် ဒုက္ခရောက်နေသူတွေကို အကူအညီတွေပေးဖို့ မစိုးရိမ် ဆရာတော် ဦးဝီရသူနဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် တစ်ချို့ဟာ စစ်တွေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူဟာ တပည့် သံဃာ ၃ ပါးနဲ့ အတူ စစ်တွေမြို့ကို မနေ့က ရောက်ရှိလာတာ ဖြစ်တယ်လို့  ဆိုပါတယ်။

အလားတူ  ရခိုင်ပြည်နယ်အတွင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ထောက်ပံ့ကူညီဖို့ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး (စမ်းချောင်း)၊ ကိုအံ့ဘွယ်ကျော်၊ မနီလာသိန်းနဲ့ မမီးမီးတို့ စစ်တွေမြို့ကို ရောက်ရှိနေကြတယ်လို့ သိရပါတယ်။

မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဟာ  ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မူတွေကြောင့် ဒုက္ခ ရောက်နေကြတဲ့ သူတွေကို နှစ်သိမ့် အားပေး စကားပြောကြားဖို့နဲ့ အကူအညီတွေ ပေးဆောင်ဖို့ စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောထိ သွားရောက်ကြမယ်လို့ သိရပါတယ်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>