ဘူးသီးတောင် မောင်တော ဒေသသို့ သူရ ဦးရွှေမန်း ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နှင့် သွားရောက်ခဲ့သူ ဦးဘရှင်အား မေးမြန်းချက်

ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းဦးဆောင်သော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃၄ ယောက်သည် ဇူလိုင်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့ အတွင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ သွားရောက်ပြီး ဒုက္ခရောက်နေကြသော ရခိုင်တိုင်းရင်းသားများနှင့် တွေ့ဆုံကာ အကူအညီများ ပေးအပ်ခဲ့ကြသည်။ လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးထဲမှ တစ်ဦးဖြစ်သူ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်အား ဘူးသီးတောင်၊ မောင်တော ဒေသများသို့ သွားရောက်ပြီး အကူအညီ ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး နိရဉ္စရာက မေးမြန်းခွင့် ရခဲ့ပါသည်။ အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

မေး။ ။ဦးဘရှင်တို့ ဒီနေ့ စစ်တွေကိုရောက်ပြီးတော့ ကယ်ဆယ်ရေး စခန်းတွေကို လွှတ်တော် ဥက္ကဋ္ဌနဲ့ သွားတယ်လို့  ကြားပါတယ်။ ဒီနေ့ ဘယ်နေရာတွေ သွားဖြစ်ပါသလဲ။
- ဟုတ်ကဲ့ ကျနော်တို့ ဒီနေ့နေ့လည်ပိုင်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေပါကြပါတယ်၊ ကျနော်တို့ မောင်တောမြို့နယ် ဒုက္ခသည်စခန်းဖြစ်တဲ့ အလယ်သံကျော်မှာ
ရောက်နေတဲ့ သရေကုန်ဘောင်မှ ဒုက္ခသည်စခန်းနဲ့ သရေကုန်ဘောင်ရွာကို ရောက်တယ်၊ နောက်မောင်တောမြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ နေရာပေးထားတဲ့ ဒုက္ခသည်စခန်းကိုရောက်တယ်။
နောက်အုပ်ချုပ်ရေးအဖွဲ့က လူကြီးတွေနဲ့ တွေ့တာကတော့ မောင်တော ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ပါတယ်။

မေး။  ။အဲဒီတော့ ဒုက္ခသည်တွေရဲ့အခြေနေကိုယော ဘယ်လိုမြင်ခဲ့ပါလဲ ခင်ဗျား။

- ဒုက္ခသည်တွေ အဓိကခံစားနေရတာကတော့ သူတို့စိုးရိမ်ကြောင်းကြမှုတွေရှိနေကြတာကို တွေ့ရ ပါတယ်။ နောက်တစ်ခုက မိုးရာသီဖြစ်တဲ့ အတွက်ကြောင်း သူတို့ ပြဿနာက ဘာလဲ ဆိုရင် လယ်လုပ်ဖို့ အတွက် အချိန်မမီ ဖြစ်မှာကို သူတို့ တွေးပူနေကြတယ်။ ဒါပေမဲ့ ချုပ်ရေးအဖွဲ့အစည်းတွေက ထွန်စက်တွေ ကူညီပေးမယ်ဆိုတော့ သူတို့  ပျိုးခင်း၊ ပျိုးထောင်ပီးတော့
စပါးစိုက်နိုင်တဲ့ အခြေနေရှိတယ်ဆိုတာ သူတို့ပြောပြလို့ သိလိုက်ရတယ်။

မေး။ ။ဦးဘရှင်အပါအ၀င် အခု မောင်တောကို သွားတဲ့ အထဲမှာ လူပေါင်းဘယ်လောက်များပါဝင်ပါသလဲ ပြီးတော့ မောင်တောကို ဘယ်လို သွားခဲ့ကြတာပါလဲ။
- နေပြည်တော်ကနေ စစ်တွေကို တပ်မတော်အထူးလေယာဉ်နဲ့ ကျနော်တို့ကို ပို့ပေးပါတယ်၊ စစ်တွေမြို့ လေဆိပ်က တပ်မတော်ရဟတ်ယာဉ် နှစ်စီးနဲ့ ကျနော်တို့သွားကြပါတယ်။ လွှတ်တော်ကိုယ်စား
လှယ်အားလုံး ၃၄ ယောက် ပါပါတယ်။ စစ်တွေကတော့ ပြည်နယ်ဝန်ကြီးချုပ်ရယ်၊ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌရယ်၊ ဒီမှာရောက်နင့် နေပြီးသားဖြစ်နေတဲ့ ကာကွယ်ရေးဝန်ကြီးရယ်၊ နောက်ဌာနဆိုင်ရာ
ပြည်နယ်အဆင့် ပုဂ္ဂိုလ်တွေတစ်ချို့လည်း မောင်တောကို လိုက်ပါခဲ့ကြပါတယ်။

မေး။  ။အဓိကနေပြီးတော့လေ ဘာကြောင့်  လွှတ်တော်ဥက္ကဋ္ဌတွေအပါအ၀င် လွှတ်တော်က လူကြီးတွေ ပေါ့လေ ဘာရည်ရွယ်ချက်တွေနဲ့ အဲဒီလိုလာတာပါလဲ။ အဓိက ဘာကို ရည်းမှန်းချက်ထားပြီးတော့ အခုလို လာလည်ကြတာပါလဲ။

- အဓိကတော့ ကျနော်တို့ လွှတ်တော်က ဒီမှာ လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ ပါလာကြတဲ့ အဖွဲ့စည်းတွေက တိုင်းရင်းသား ရေးရာကော်မတီ အဖွဲ့ဝင်တွေနဲ့ ဒီဥပဒေရေးရာ အထူးကိစ္စရပ်များဆိုင်ရာ ကော်မရှင်က ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အတွက်ကြောင်း တိုင်းရင်းသားရေးရာတွေကို အထူးဦးစားပေးပြီးတော့ တွေ့ချင်တယ်။  တိုင်းရင်းသားတွေရဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုလည်း ကိုယ်တိုင်မြင်ချင်တယ်၊ တိုင်းရင်းသားတွေရဲ့ နေထိုင်နေရတဲ့ အခက်အခဲ့တွေကို အားပေးစကားပြောချင်တယ်၊ တိုင်းရင်းသားတွေရဲ့ ပြောကြားချက်ကိုလည်း ကြားချင်တယ်။ အဲလိုရည်ရွယ်ချက်တွေနဲ့လာတာပါ။
မေး။  ။နောက်ကျနော်တို့ကြားတာက လွှတ်တော်က သိန်း ၁၂၀ အလှူပေါလေ။ ကိုယ်စားလှယ်တွေရဲ့  နေ့တွက် စရိတ်တွေကို ကူညီပေးတယ်လို့ ကြားရပါတယ်၊ အဲဒီအလှူတွေကို ဒီနေ့ပေးတာရှိပါသလား။

- အဲဒီလွှတ်တော်က နေ့တွက် ၃ ရက်စာအတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အလှူပေးတဲ့ ငွေတွေနဲ့ ဒီနေ့ ပစ္စည်းတွေ ကျနော်တို့ ဒုက္ခသည်စခန်းမှာ လွှတ်တော် ဥက္ကဋ္ဌကြီးတို့နဲ အဖွဲ့ဝင်တွေ ကိုယ်တိုင် ပေးခဲ့ကြ ပါတယ်။

မေး။  ။ဦးဘရှင်တို့  စစ်တွေကို မောင်တောကနေ ဘယ်အချိန် ပြန်ရောက်ပါလဲ။

- ကျနော်တို့ အခု ဇူလိုင်လ ၇ ရက် ည ၆ နာရီထိုးခါနီးလောက်ကို စစ်တွေကို မောင်တောကနေ ပြန်ရောက်ပါတယ်၊ ရာသီဥတု မကောင်းတဲ့အတွက်ကြောင်း ကျနော်တို့ နည်းနည်း ခရီးကြန့်ကြာခဲ့ပါတယ်။

မေး။  ။စစ်တွေမှာကော ဘယ်လိုအစီအစဉ်ရှိပါလဲ။

- စစ်တွေကိုတော့ အခုမှပဲရောက်တဲ့အတွက်ကြောင်း ရာသီဥတု အခြေအနေကြည့်ပြီးတော့ မနက်ဖြန်အတွက် ခရီးစဉ်မသတ်မှတ်ရသေးပါဘူး။

မေး။  ။အဲဒီလိုပေါ့လေ စစ်တွေတို့ မောင်တောတို့ကို အခုလို အကူညီတွေလာပြီးတော့လုပ်တယ်ဆိုတော့ အဲဒီမှာ ဒုက္ခသည်တွေကို မြင်ရတဲ့ အခါ ဦးဘရှင်အနေနဲ့ အမြင်လေးတွေကို နည်းနည်းလောက် ပြောပြ ပေးပါလား၊ ဘယ်လိုမြင်ပါလဲ။ ဘယ်လိုခံစားရပါလဲ။

- ကျနော်တို့ အခုရောက်ခဲ့တာက မောင်တောမြို့နယ်က ရခိုင်တိုင်းရင်းသား ဒုက္ခသည်စခန်းတွေကို ရောက်ခဲ့တော့ တိုင်းရင်းသားဒုက္ခသည်တွေ တကယ့်ကို ဒုက္ခရောက်ကြပါတယ်၊ သူတို့မှာ တစ်ရွာလုံးကို မီးရှို့ ဖျက်ဆီးပစ် တာကို ခံထားရတဲ့ အတွက်ကြောင့် စားရေးရိက္ခာ ကျွဲ၊ နွားတွေ အကုန်လုံး ဘာမှမရှိတော့တဲ့ အတွက်ကြောင့်  စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြတာတွေတွေ့ရတယ်။ နောက်ပြီးတော့ သူတို့ အလုပ်မလုပ်ရတဲ့အတွက် သူတို့မှာက ၀င်ငွေလည်းမရှိဆိုတာကို တွေ့ရတယ်၊ စားစရာတွေကတော့ ကျနော်တို့လို အလှူရှင်တွေက ထောက်ပံ့ပေးထားတဲ့အတွက်ကြောင်း စားလို့တော့ရတာပေါလေ၊ လယ်တွေကို သူတို့ လုပ်ချင်ကြတယ် နောက်ပြီးတော့ လုံလုံခြုံခြုံနေချင်ကြတယ် အဲဒါတော့ အဓိကပဲ၊ နောက်ပြီး သူတို့တင်ပြကြတာကတော့ ဒုက္ခသည်တွေလိုချင်ကြတာကတော့ ကျန်းမာရေးစောင့်ရှောက်မှုရေ၊ သူတို့ ရင်သွေးတွေရဲ့ ပညာရေး ကိစ္စတွေ ပြောတယ်၊ နောက်တခါ ပညာရေးကိစ္စမှာ ဆရာ၊ ဆရာမတွေက ဆူပူမှုကို အကြောင်းပြုပြီးတော့ ကြောက်လန့်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာကိုပြန်သွားကြတဲ့အခါ ဆရာ၊ ဆရာမတွေ မရှိတဲ့ အတွက်ကြောင်း ဒီဆရာ၊ ဆရာမတွေရောက်လာမှ စာသင်ရမယ် ဆိုလို့ရှိရင် နှောင့်နှေး ကြန့်ကြာ မှုတွေဖြစ်နိုင်တယ်။ နောက်တစ်ခါ စာသင်ကျောင်းလည်း မရှိတော့ဘူးလေ၊ စာသင်ကျောင်းက သူတို့ ဖျက်ဆီး ခံလိုက်ရတော့ အသစ်ပြန်လုပ်ရမှာ။ ပြီးတော့ နောက်ဆရာတွေ အလွယ်တကူ မရနိုင်လို့ရှိရင် သူတို့ ကျေးရွာမှာရှိတဲ့ ဘွဲ့ရ လူငယ်တွေကို ခန့်ပေးနိုင်ရင်လည်း ခန့်ထားပေးဖို့  သူတို့ တောင်းဆိုကြတာတွေ တွေ့ရပါတယ်။ နောက်ပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေ သွားရေးလာရေးတွက် လုံခြုံမှု မရှိတဲ့အတွက်ကြောင့် ဒီဘင်ဂလီရွာတွေကို ဖြတ်သန်းပြီးတော့ အလယ်သံကျော်ကို ကျောင်းသွား တက်ရမယ် ဆိုလို့ရှိရင်  ဒီလုံခြုံရေးတွေ သူတို့စိုးရိမ်တဲ့အကြောင်း သူတို့တင်ပြကြတာ တွေ့ရပါတယ်။

မေး။ ။ အဖွဲ့ထဲမှာ ပါဝင်တဲ့  ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအ၀င် တခြားပါတဲ့ သူတွေကို ပြောပြပေးပါလား။

- ပြည်သူ့လွှတ်တော်က ဥက္ကဋ္ဌကြီးကိုယ်တိုင်ရယ်။  နောက်ကျနော်တို့ ကော်မတီဆိုင်ရာ တိုင်းရင်းသား ရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းမှု ကော်မတီ၊ နောက်ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင် ဒီအဖွဲ့ဝင်တွေပါတယ်၊ နောက်ပြီးတော့ အမျိုးသားလွှတ်တော်ကတော့ တိုင်းရင်းသား ရေးရာ ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘုန်းမြတ်တို့  ပါပါတယ်။

(ပြီး)

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>