သတင်း — July 12, 2012 at 6:12 pm

မြောက်ဦးမြို့နယ် RNDP ဒုဥက္ကဌကို စစ်တပ်က ဖမ်းဆီး

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP မှ မြောက်ဦးမြို့နယ် ဒုဥက္ကဌ ဦးအေးမောင်သန်းကို စစ်တပ်က ဖမ်းခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

“ ညနေ ၄ နာရီခွဲခန့်မှာ စစ်တပ်က သေနတ်တွေနဲ့ ၀င်လာပြီး ကျွန်မ ယောင်္ကျားကို ဖမ်းဆီးခေါ် ဆောင်သွားပါတယ်” ဟု ဦးအေးမောင်သန်း ဇနီးဖြစ်သူက ပြောသည်။

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုအခါ ဦးအေးမောင်သန်းကို  မြောက်ဦးရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။

“ သူ့ကို လက်ထိပ်ခတ်ပြီး စစ်တပ်က ယူသွားပါတယ်။ အခု သတင်းကြားတာ ကတော့ မြောက်ဦးရဲ စခန်းမှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ သူ့ကို ဖမ်းတာက မြောက်ဦးဆန်စက်တွေကနေ မွတ်လင်ရွာတွေကို ဆန်တွေထုတ်ရောင်းနေတာကို မရောင်းကြဖို့ ဟန့်တားတဲ့ အတွက် ဆန်စက် ပိုင်ရှင်တွေက စစ်တပ်ကို သွားရောက်တိုင်ကြားတာကနေ အခုလိုအဖမ်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်” ဟု သူမက ပြောသည်။

မြောက်ဦးမြို့နယ် RNDP ရုံးကို ဆက်သွယ်မေးမြန်းရာ ဖမ်းဆီးခေါ်ဆောင်သွားသည်မှာ မှန်ကန်ကြောင်း၊ သူတစ်ဦးတည်းသာ ယခု အချိန်တွင် ဖမ်းဆီးခံနေရသေးကြောင်း ပြောကြားသည်။

မြောက်ဦးရဲစခန်းကို ဆက်သွယ် မေးမြန်းရန် ကြိုးစားနေသော်လည်း အဆက်အသွယ် မရရှိသေးပါ။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>