သတင်း — July 13, 2012 at 12:09 pm

ကျဆုံးသူ ၈ ဦးကို စစ်တွေတွင် သူရဲကောင်း အဖြစ် ဂုဏ်ပြု

ဇွန်လ ၈ ရက်နေ့မှ စတင် ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် မိမိရပ်ကွက်၊ ကျေးရွာကို ကာကွယ်ရင်း အသက်ပေး ကျဆုံးခဲ့ရသူ ရခိုင်အမျိုးသား (၈) ဦးအား သူရဲကောင်းများ အဖြစ် စစ်တွေတွင် ဂုဏ်ပြု ခဲ့ကြသည်ဟု သတင်း ရရှိသည်။

စစ်တွေမြို့မှ သူရဲကောင်း အဖြစ် ဂုဏ်ပြုခံရသူ (၈) ဦးမှာ စစ်တွေ ဒေါမြောင် တိုက်ပွဲတွင် ကျဆုံးသူ ခိုင်မိုးပျံ (ခေါ်) မောင်ထွန်းဝင်း- မင်းဂံ အကွက် (၅)၊ ကိုကျော်ထွန်းသာ – မင်းဂံ အကွက် (၉)၊ ခိုင်ဘရွှေ – မင်းဂံ အကွက် (၁၇) နှင့် နာဇီရွာ တိုက်ပွဲတွင် ကျဆုံးသူ ခိုင်လှဌေး- မင်းဂံ အကွက် (၃) တို့ ဖြစ်သည်။

၎င်းပြင် နောက်ထပ် ဂုဏ်ပြုခံရသူများမှာ သံတော်လီ တိုက်ပွဲတွင် ကျဆုံးခဲ့ကြသော  ဦးကျော်သိန်း- ကျေးတော ရွာမ၊ ကိုတင်ဦး- ရွှေပြည်သာ၊ ဦးမြသာထွန်း (ဗျိုင်းဖြူရွာ)၊ ဦးမောင်သန်းရွှေ – (ဗျိုင်းဖြူရွာ) တို့ ဖြစ်ကြသည်။

သူတို့အား စစ်တွေမြို့ ရွာကြီးမြှောက် ရပ်ကွက် ဓမ္မာရုံတွင် ကျူးကျော်စစ်အတွင်း အမျိုးနှင့် ဘာသာကို ကာကွယ်စောင့်ရှောက်သူ အာဇာနီများအဖြစ် ဖေါ်ပြကာ ဂုဏ်ပြုခဲ့ကြသည်ဟု ဆိုသည်။

“ သူတို့က မိမိရပ်ရွာ ဒေသကို ဆူပူ အကြမ်းဖက်လိုသူတွေ လက်ထဲ မကျရောက်ရအောင် ကာကွယ်ရင်း ကျဆုံးခဲ့ကြရတဲ့သူတွေပါ။ ဒါကြောင့် စစ်တွေမြို့မှာ ရှိတဲ့ သူတွေက သူတို့ကို အာဇာနီ သူရဲကောင်းတွေ အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုကြတာ ဖြစ်ပါတယ်” ဟု မင်းဂံ အကွက် (၅)မှ ကိုမင်းချေက ပြောသည်။

သူတို့ အတွက် ဂုဏ်ပြုကျောက်တိုင်  တစ်ခုကိုလည်း စစ်တွေမြို့ အောင်မင်္ဂလာဆုတောင်းပြည့်စေတီ ပရဝုဏ်အတွင်း လွန်ခဲ့သော ကြာသပတေးနေ့က စိုက်ထူခဲ့ကြသည်ဟု သိရသည်။

အခမ်းအနားကို သံဃာတော် ကိုးပါး ဦးဆောင်ကာ စစ်တွေ ဒေသခံ ပြည်သူများနှင့် စုပေါင်း ကျင်းပ ခဲ့ကြသည်ဟု သိရသည်။

ကျန်ရစ်သူ မိသားစုများ အတွက် အကူအညီများ လှူဒါန်းလိုသူများ အနေဖြင့်လည်းရဟန်းပျို သမဂ္ဂ (စစ်တွေ)နှင့် လူမူရေး အသင်းများ တဆင့် ပေးပို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

စစ်တွေတွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်မူတွင် မိမိရပ်ရွာများကို ကာကွယ် စောင့်ရှောက်ရင်း ဒဏ်ရာ ရရှိခဲ့သူ ရခိုင်အမျိုးသား ၂၅ ဦးရှိပြီး ၎င်းတို့၏ အမည်စာရင်းမှာ အောက်ပါ အတိုင်း ဖြစ်သည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>