နယ်စပ်ရေးရာ — July 14, 2012 at 1:45 pm

ပုဒ်မ ၁၄၄ကို အခွင့်ကောင်းယူပြီး ဖေါက်ထွင်းမူများ မောင်တောတွင် တိုးပွားနေ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို အခွင့်ကောင်းယူပြီး မသမာသူများသည် အုပ်စုဖွဲ့ ဖေါက်ထွင်းမူများ နေ့စဉ် ရက်ဆက် ဆိုသလို ကျူးလွန်နေကြသည်ဟု သတင်း ရရှိသည်။

ယခုကဲ့သို့ ဖေါက်ထွင်းမူများကို ပြုလုပ်နေသည့် အဖွဲ့အစည်းမှာ (၆) ဖွဲ့ခန့်ရှိပြီး ညဥ့်တိုင်းလိုလို ဖေါက်ထွင်းမူ များကို ကျူးလွန်နေသည်ဟု ဆိုသည်။

ဖေါက်ထွင်းမူ ကျူးလွန်သူများအား တာဝန်ကျ လုံထိန်း တပ်ဖွဲ့ဝင်များက လက်ပူးလက်ကြပ် ဖမ်းမိပြီး ရဲစခန်းသို့ အပ်သော်လည်း ငွေကြေးယူကာ အဆိုပါ ဖေါက်ထွင်း ၀ိဇ္ဖာများကို ပြန်လည် လွှတ်ပေးလိုက်သည်ဟု ပြောသည်။

“ အခု ပြဿနာက သူတို့ကို ဖမ်းမိပြီး ရဲလက်ကို အပ်ပေမယ့် ပြစ်မူ မထင်ရှားဆိုပြီး ပိုက်ဆံယူပြီး လွှတ်ပေးလိုက်တယ်။ ဒီအတွက် ဖေါက်ထွင်းမူတွေက အထူးတိုးပွားနေပါတယ်။  အခု လူတွေက ဖေါက်ထွင်းမူတွေကနေ လုယက်မူတွေ ဖြစ်လာမှာကို စိုးရိမ်ကြပါတယ်” ဟု အမည်မဖေါ်လိုသူ ရွှေပန်းထိမ် ဆရာ တစ်ဦးက ပြောသည်။

ဖေါက်ထွင်းခံနေရသောဆိုင်များမှာ လူသူ အစောင့်အရှောက်မရှိဘဲ ပိတ်ထားရသော မောင်တောမြို့မ ဈေးကြီးမှ ဆိုင်ခန်းမျိုးစုံ ဖြစ်သည်ဟု သူက ဆိုသည်။

ယခု ဖေါက်ထွင်းမူကို ကျူးလွန်သော အဖွဲ့ (၆) ဖွဲ့မှာ – အမှတ်(၄)ရပ်ကွက် ကန်ဘောင်ကြီးဘေး (မြို့နယ် တရားသူကြီး တပည့်ရင်း) ခေါင်းဆောင်သော အဖွဲ့၊   အမှတ်(၄) ရပ်ကွက်၊ စံပြရွာနေ ဦး——- နှင့် ဦး ———– ခေါင်းဆောင်သော အဖွဲ့၊  အမှတ်(၄) ရပ်ကွက် စံပြရွာ (သင်းချိုင်းကုန်း)နေ ဦး——–၊ ——- နှင့်  မယက အရန် စာရေး တစ်ဦး ခေါင်းဆောင်သော အဖွဲ့၊ အမှတ်(၄) ရပ်ကွက် ရုပ်ရှင်ရုံ အနီး တွင် တာဝန်ကျနေ ရဲတပ်ရင်း (ခေါ်) လုံထိန်းတပ်ရင်းမှ ——— ဦးဆောင်သော အဖွဲ့၊  (———-  (ပန်းထိမ်)၊ ——- (ပုဇွန်ဒိုင်)၊ဦး——– ၊  ——- ခေါင်းဆောင်သော အဖွဲ့နှင့် ညောင်ပင်လှ (ညောင်ခေါင်း) ——- ခေါင်းဆောင်သော အဖွဲ့များဖြစ်ကြောင်း သိရသည်။

“ အခု ကြားတာက တာဝန်ကျတဲ့ နစက အဖွဲ့ဝင် တချို့နဲ့ ပူးပေါင်းပြီး ဆိုင်ခန်းမျိုးစုံကို ဖေါက်ထွင်းတာ ဖြစ်တယ်လို့  သတင်းတွေ ထွက်နေပါတယ်။ ဒါကြောင်း အထက်အာဏာပိုင်တွေကို ကျွန်တော်တို့ မြို့သူ မြို့သားတွေက ဒီကိစ္စကို အမြန်ဆုံး တာပေးဖို့ လိုလားနေပါတယ်” ဟု သူက ဆက်ပြောသည်။

ယခုအချိန်တွင် မောင်တော မြို့သူမြို့သားများမှာ ဆူပူ အကြမ်းဖက်သူများ ရန်ထက် ဖေါက်ထွင်းမှုမှ တဆင့် တက်ပြီး လုယက်မှုများ အထိဖြစ်လာမည်ကို စိုးရိမ်နေကြရသည်ဟု သူက ဆိုသည်။

၎င်းဖေါက်ထွင်းသူများအား အချိန်မီ ဖမ်းဆီး အရေးယူခြင်း မပြုပါက ကြောင်ကြီးလျှင် ကျားဖြစ်သွား သကဲ့သို့ သခိုးကြီးလျှင် ဓါးပြ ဖြစ်သွားနှိင်ပါသဖြင့် အချိန်မီ ဖမ်းဆီး အရေးယူ ဆောင်ရွက်ပေးရန်  အတွက် ပြည်ထဲရေး ဝန်ကြီး ထံသို့လည်း မြို့သူ မြို့သားများက တင်ပြသွားမည်ဟု ပြောဆိုသွားသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>