သတင်း — July 16, 2012 at 10:37 am

ရိုဟင်ဂျာ ဆိုသူများ အတွက် ဂျီဟက် စစ်ပွဲ ဆင်နွှဲမည်ဟု အင်ဒိုနီးရှား အဖွဲ့ (၂)ခုက ဆို

ယမန်နေ့ထုတ်  ဘင်္ဂလာဒေခ်ျ့ သတင်းစာ The Independent  တွင် သဘောထားတင်းမာသော အင်ဒိုနီးရှား မွတ်ဆလင် အဖွဲ့ (၂) ခုက ရိုဟင်ဂျာများ  အတွက် ဂျီဟက် စစ်ပွဲ ဆင်နွှဲမည်ဆိုသော သတင်းကို တခြား မြန်မာသတင်းများနှင့် အတူ ပုံနှိပ် ဖေါ်ပြသည်။

“ FPI is ready to wage jihad” အက်ဖ်ပီအိုင် အနေဖြင့် ဂျီဟက် ဆင်နွှဲရန် အဆင်သင့် ရှိသည်ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီး သဘောထားတင်းမာသော အင်ဒိုနီးရှား မွတ်ဆလင် အဖွဲ့ (၂) ခုက ဂျာကာတာမြို့ မြန်မာသံရုံးရှေ့တွင် လွန်ခဲ့သော သောကြာနေ့က ဆန္ဒပြခဲ့ကြသည်ဟု အေအက်ဖ်ပီ သတင်းကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့ ထုတ် The Independent က ဖေါ်ပြသည်။

ဆန္ဒပြခဲ့ကြသော သဘောထား တင်းမာသော မွတ်ဆလင် အဖွဲ့ (၂) ခုမှာ Islamic Defenders Front ( IDF) နှင့် Jemaah Anshorut Tauhid (JAT) တို့ ဖြစ်သည်ဟု ဆိုသည်။

ဆန္ဒပြရာတွင် ပါဝင်သူ တစ်ဦးက မြန်မာသံရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့ပြီး “ တောင်းဆိုမူကို ငြင်းပယ်ခဲ့ပါက သံရုံးထဲ အတင်း ချိုးဖေါက် ၀င်ရောက်ကာ သံရုံးကို ဇောက်ထိုး ပြောင်းပြန် ဖြစ်အောင် ပြုလုပ်ကြလော့” ဟုဆိုကာ အသံချဲ့စက်မှ ဆန္ဒပြသူများကို ဆော်သြခဲ့သည်ဟု ဆိုသည်။

၎င်းပြင်သူက “ မြန်မာပြည်သို့ သွားကြပါ။ သင်တို့၏ ညီအစ်ကိုများ အတွက် ဂျီဟက် ဆင်နွှဲရန် အတွက် မြန်မာပြည်ကို သွားကြပါ” ဟု ဆော်သြသွားခဲ့သည်ဟုလည်း ဖေါ်ပြသည်။

“ လွှတ်လပ်မူမှ အပ ကမ္ဘာကြီးတွင် တခြားမရှိ။  မွတ်ဆလင် တစ်ဦးစီ၏ သွေးစက်တိုင်း သွေးစက်တိုင်းကို သွေးမြေကျ ပေးဆပ် တိုက်ပွဲဝင်သွားမည်” ဟုလည်း ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆန္ဒပြသူမှာ ၃၀၀ ခန့်ရှိပြီး သံရုံးထဲသို့  အတင်း ၀င်ရောက်ရန် ခြိမ်းခြောက်မူများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ အင်ဒိုးနီးရှား ရဲသား ၅၀ ခန့်က ဟန့်တားခဲ့ရပြီး နောက်ပိုင်းတွင် ကုလသမဂ္ဂရုံးရှိရာသို့ ဆက်လက် ချီတက်သွားကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မူကို အသုံးချကာ  ပြဿနာကို  ပိုမို ကြီးထွားအောင် လုပ်လိုသူများ၏ ချဲ့ထွင် ၀ါဒ ဖြန့်မူများကြောင့်  ယခုကဲ့သို့  ဆန္ဒပြမူများ မွတ်ဆလင် နိုင်ငံ တစ်ချို့တွင် ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>