သတင်း — July 18, 2012 at 11:28 am

ရန်ကုန်ရောက် ရခိုင်ကျောင်းသားများ ဆွေးနွေးပွဲလုပ်မည်

ထွန်းထွန်း

ရန်ကုန်ရောက် ရခိုင်ကျောင်းသား ကျောင်းသူများ၏ ဆွေးနွေးပွဲ တစ်ရပ်ကို လာမည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မောင်တောတောင်ပိုင်းမှ ထွက်ပြေး လွှတ်မြောက်ခဲ့သူ ဆရာမ ဒေါ်အေစုသီနှင့် သူမ၏ တပည့်များ။

ရခိုင်ကျောင်းသားများ အနေဖြင့် လက်ရှိ ဖြစ်ပေါ်နေသော ရခိုင်ပြည်နယ် ဆူပူအကြမ်းဖက်မူကြောင့် ထိခိုက်နေကြရသော ရခိုင်ပြည်သူ မိဘ မောင်နှမများအရေး၊ ၎င်းထိခိုက်မူကို သွယ်ဝိုက် ခံစား နေကြရသော ရန်ကုန်ရောက် ရခိုင် ကျောင်းသားများ အရေးနှင့် လုံခြုံရေးကြောင့်  စာသင် ကျောင်းများသို့ မသွားနိုင် ဘဲ ဖြစ်နေကြသော ရခိုင်ပြည်နယ်မှ ကျောင်းသားများ၏ အရေးကို ဆွေးနွေးကြမည်ဟု ဆိုသည်။

“ကျွန်တော်တို့ ရန်ကုန်ရောက် ရခိုင်ကျောင်းသားများ အနေနဲ့ ရခိုင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက်မှု ကြောင့် ကျောင်းသားတွေ ကျောင်းမတက်နိုင်ဘဲ ပညာရေး နစ်နာဆုံး ရှုံးနေတာကို အထူး စိုးရိမ်ပါတယ်။ အဲဒါ ကြောင့် ရန်ကုန်ရောက် တက္ကသိုလ်အသီးသီးမှာ တက်နေတဲ့ ရခိုင် ကျောင်းသားလူငယ်တွေ အား လုံးကို ခေါ်ပြီး တော့ ခု ဖြစ်ပေါ်နေတဲ့ ပြဿနာအပေါ် အဖြေရှာတဲ့ အနေနဲ့ အစည်းဝေး တခုပြုလုပ်သွားမှာပါ” ဟုကျောင်းသားခေါင်းဆောင် ကိုကျော်မင်းခိုင် က နိရဉ္စရာသို့ ပြောသည်။

အစည်းအဝေးကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မင်းလမ်း အမှတ် (၈၆)၊အခန်း ဘီ၊ ၄-လွှာ၌ ဇူလိုင်လ ၂၁ရက်၊ နေ့လည် ၁နာရီမှ ညနေ ၃နာရီအထိ ပြုလုပ်သွားမည် ဟုသိရသည်။

အဆိုပါ အစည်းဝေးမှ ရရှိလာသော ဆုံးဖြတ်ချက်များနှင့် အကြံပြုချက်များကို နိုင်ငံတော် အစိုးရထံသို့ တိုက်ရိုက် ပေးပို့သွားမည်ဟု ဆိုသည်။

“ ရခိုင်က  ကျောင်းသားတွေ စိတ်ချလုံခြုံစွာ ကျောင်းတက်နိုင်ရေး၊ ကျောင်းသူ/ ကျောင်းသားနဲ့ ဆရာတွေကို ကျောင်းသွား ကျောင်းပြန် လုံခြုံမူ ပေးရေး ၊ ကျောင်း သားတွေကို အမြန်ဆုံးကျောင်း တက်နိုင်အောင် သက်ဆိုင်ရာက စီစဉ်ပေးရေးစတဲ့ အချက်တွေကိုလည်း ကျွန်တော်တို့ အစည်းအဝေးမှာ အတည်ပြု ချက်ယူပြီး တောင်းဆိုသွားဖို့ အစီအစဉ်ရှိပါတယ်” ဟု သူကပြောသည်။

၎င်းအပြင် အကြမ်းဖက် ဆူပူလိုသူများ၏ တိုက်ခိုက်မှုကြောင့် ကျောင်းမတက်နိုင်ဘဲ ဖြစ်နေကြသော  ရခိုင်ကျောင်းသား မြောက်မျာစွာ ရှိနေကြောင်း သူကဆက်ပြော သည်။

“ခုဖြစ်နေတဲ့ ပဋိပက္ခမှာ ဘင်္ဂလီ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မူကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေတို့မှာ ကျောင်းတွေ မဖွင့်နိုင် သေး ဘူး။ အဲဒါကြောင့် ကျောင်းသား တွေ ထောင်သောင်းချီပြီး ကျောင်းမတက်နိုင်ဘဲ ပညာရေးဆုံး ရှုံးနေရပါတယ်။ တချို့ ကျောင်တွေ ဖွင့်ပေမယ့် လုံခြုံမှုမရှိတဲ့ အတွက် မိဘတွေက ကျောင်းကိုမလွှတ်ကြဘူး။ နောက်တခုက အစိုးရက စာအုပ်စာတန်း အလကား ထောက်ပံ့ရင်တောင်မှ  ကျောင်းသားတွေကို စိတ်ဓါတ်ရေးရာ အရ အားပေး မူနဲ့ ပြင်ဆင် ပေးမူတွေ အများကြီး လုပ်ဖို့လိုအပ်နေပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် ဇွန်လ ၈ရက်နေ့က ဆူပူအကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့ သဖြင့် မေလ ၂၈ရက်နေ့ ဇွန်လ ၂၄ရက် နေ့အထိ သေဆုံးသူ ၇၈ယောက်၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား (၈၅)ယောက်နဲ့ ရဲတပ်ဖွဲဝင် ၂ယောက်၊ မီး လောင်ကျွမ်း ပျက်စီးခဲ့ရသည့် အိမ်ခြေပေါင်း ၃၁၅၈ လုံးရှိပြီး လူပေါင်း ၉ သောင်းခန့် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သိရသည်။

ရခိုင်ပြည်တွင် ဆူပူအကြမ်းဖက်မှု ယနေ့အထိ ရပ်တန့်ခြင်း မရှိသေးသည့်အတွက် ကျောင်းသား လူငယ်တို့၏ ပညာရေး အခန်းကဏ္ဍာမှာ အထူးရင်လေး စရာဖြစ် နေကြကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် အချိန်မီကျောင်း ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားများ၏ လုံခြုံစိတ်ချရအောင် အဓိကထား လုပ်ဆောင် သင့်ကြောင်း ကိုကျော်မင်းခိုင်က  တိုက်တွန်း ပြောကြားသွားသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>