သတင်း — July 19, 2012 at 2:48 pm

ကြံ့ခိုင်ရေးပါတီလည်း မဆလ ပါတီလိုဘဲ အထက်ကိုတိုင်တဲ့စာ ဖင်ခုထိုင်ဟုဆို

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကြံ့ခိုင်ရေး  ပါတီဝင် တစ်ဦးမှ မြို့နယ် ကော်မီတီ နေရာတွင် ၎င်းအားချန်လှပ်ပြီး တစ်ခြားသူ တစ်ဦးကို ငွေကြေး ရယူပြီး လူစားသွင်းထားသည်ကို ၂၀၁၂ ခုနှစ် မတ်လကပင် အထက်တာဝန်ရှိသူများအား တိုင်ကြားသော်လည်း စာကို အထက်ကို မတင်ပြဘဲ ဖင်ခုထိုင်ထားသည်ဟု ပြောဆိုသည်။

စာရေးတိုင်ကြားသူမှာ ပုဏ္ဍားကျွန်းမြို့မှ  ကြံ့ခိုင်ရေး ပါတီမှ အမာခံ ပါတီဝင် တစ်ဦးဖြစ်သူ ဦးစံလှအောင်သား မောင်ကျော်နိုင် ဆိုသူ ဖြစ်သည်။

ပုဏ္ဍားကျွန်းမြို့နယ် ကြံ့ခိုင်ရေး ပါတီ တာဝန်ရှိသူများ ဖြစ်ကြသည့် ဦးသာထွန်းအေးနှင့် ဦးမြင့်စိုးဝင်းတို့သည်

ဦးမောင်ကျော်နိုင် အမည်အား မြို့နယ် ကော်မီစာရင်းတွင် ထည့်သွင်ထားသော်လည်း တာဝန်ခန့်အပ်သော အခါ ပုဏ္ဍားကျွန်းမြို့နယ် အလယ်ချောင်းကျေးရွာမှ ဦးမောင်ကျော်နိုင်ဆိုသူအား သူ့အစား ခန့်အပ်တာ ၀န်ပေးထားသည်ဟု ဆိုသည်။

အလယ်ချောင်ကျေးရွာမှ ဦးမောင်ကျော်နိုင်မှာ ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦး  မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ထောက်ခံသူ တစ်ဦး  ဖြစ်ပြီး မြို့နယ် အထက်လူကြီးများကို ငွေကြေး ပေးဆောင်ပြီး မြို့နယ် ကော်မီတီ နေရာကို ရယူထားသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် တွဲဘက် အတွင်းရေးမှူး ဦးသန်းဝေသည် အလယ်ချောင်းကျေးရွာမှ ဦးမောင်ကျော်နိုင်အား ငွေကြေးလက်ခံပြီး မြို့နယ် ကြံ့ခိုင်ရေး ကော်မီတီနှင့် ညှိုနိုင်းကာ မြို့နယ် ကော်မီတီ စာရင်းတွင် သွင်းထားသူ ဖြစ်သည်ဟု သိရသည်။

၎င်းပြင် ပုဏ္ဍားကျွန်းမြို့နယ် ကြံ့ခိုင်ရေး ပါတီမှ တာဝန် ရှိသူများသည်  ၂၀၁၂ ခုနှစ် မတ်လ (၁) ရက်နေ့တွင် မြို့နယ် ကော်မီတီ ၈ ဦးအား ခန့်အပ်ရာတွင် ပါတီဝင် မဟုတ်သူ ၄ ဦးကို ငွေယူကာ ထည့်သွင်းထားသည်ဟု ဆိုသည်။

ထိုကဲ့သို့ ပါတီဝင် မဟုတ်သူများအား မြို့နယ် ကော်မီတီနေရာတွင် တာဝန်ပေး ခန့်အပ်ခြင်းကို စစ်တွေခရိုင် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးကျော်စိုးလည်း မသိရှိကြောင်း သိရသည်။

သို့အတွက် ဦးကျော်နိုင်မှ သူ့မှာ ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲတွင် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ကာ ကြံ့ခိုင်ရေး အတွက် မဲဆွယ်ပေးခဲ့သူ ဖြစ်သော်လည်း မြို့နယ် ကော်မီတီ ဖွဲ့စည်းသောအခါ နာမည် ပါသော်လည်း နာမည်ကို ချန်လှပ်ကာ တစ်ခြားသူ တစ်ဦး အစားသွင်းထားသဖြင့် ၂၀၁၂ ခုနှစ် မတ်လ ၂၀ နေ့က နေပြည်တော် မှ ဗဟို ကော်မီတီဝင် ရခိုင်ပြည်နယ် ကြံ့ခိုင်ရေး ပါတီ တာဝန်ခံ ဦးမောင်ဦးထံသို့ စာရေး တိုင်ကြားခဲ့ကြောင်း သိရသည်။

သို့သော်လည်း သူ၏ စာကို မဆလ ခေတ်ကလို အထက်ကို မတင်ပြဘဲ ပြည်နယ် အဆင့်ရှိသူများက ဖင်ခု ထိုင်ထားသည်ဟု ဦးကျော်နိုင်က ပြောသည်။

ကြံ့ခိုင်ရေး  ပါတီမှာ အနိုင်ရ အစိုးရ ပါတီ ဖြစ်သဖြင့် မြို့နယ် ကော်မီတီ နေရာတွင် တာဝန်ထမ်းဆောင်ခွင့် ရရှိပါက ဒေသအတွင်း သြဇာ အာဏာရှိသည့် အပြင် စီးပွားရေး လုပ်ကိုင် စားသောက်ရာတွင်လည်း အဆင်ပြေ သဖြင့် ကိုယ်ကျိုးကြည့်သမားများက အဆိုပါ နေရာများကို ငွေကြေး တန်စိုးပေးဆောင်ပြီး ရယူနေကြသည်ဟု သတင်းများ ရရှိသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>