သတင်း — July 21, 2012 at 11:13 am

ဘင်္ဂလာဒေခ်ျ့ရှိ မြန်မာ ဒုက္ခသည် စခန်းများ အတွက် အမေရိကန်မှ ဒေါ်လာ တစ်သန်းခွဲလှူ

အမေရိကန် အန်ဂျီအို USAID သည် ဘင်္ဂလာဒေခ်ျ့ရှိ မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည် စခန်းနှစ်ခု အတွက် အမေရိကန် ဒေါ်လာ တစ်သန်းခွဲ လှူဒါန်းလိုက်ကြောင်း သတင်း ရရှိသည်။

ဒုက္ခသည် စခန်းများရှိ ကလေးငယ်များကို မြန်မာစာ သင်ကြားပေးသည်။

အဆိုပါ အလှူငွေအား WFP ခေါ် ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲသို့ လှူဒါန်းလိုက်ခြင်း ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံရှိ မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည် ၃၁၀၀၀ အတွက် အသုံးပြုသွားမည်ဟု ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများက ရေးသား ဖေါ်ပြသည်။

၎င်းထောက်ပံ့ငွေများကို WFP အနေဖြင့်  ဒုက္ခသည်များ အတွက် အစားအစာနှင့် အဟာရ ပြည့်ဝရန် အသုံးပြုသွားမည်ဟု ဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့က ထုတ်ပြန်သော WFP ကျေညာချက်တွင် ယခု အကူအညီကြောင့် သူတို့၏ ဆောင်ရွက်နေသော လုပ်ငန်းများကို ဒုက္ခသည် စခန်းများတွင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သလို အစားအစာ လုံခြုံမူနှင့် အဟာရ မပြည့်ဝမူကို လျှော့ချသွားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

WFP အနေဖြင့် ယခု အကူအညီအား တရားဝင် မှတ်ပုံတင်ထားသော ဒုက္ခသည်များ နေထိုင်ရာ ကူးတို့ပလောင် ဒုက္ခသည် စခန်းနှင့် နာယာပါရာ ဒုက္ခသည် စခန်းများတွင် ဆောင်ရွက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>