သတင်း — July 22, 2012 at 1:25 pm

ရန်ကုန်ရောက် ရခိုင်ကျောင်းသားများမှ ရခိုင်ပညာရေး အကျပ်အတည်း သမ္မတကြီးထံ တင်ပြမည်

မောင်ရမ္မာ

ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်သော ရခိုင်ကျောင်းသားများ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် ပညာရေး အခြေအနေနှင့် ပတ်သက်ပြီး လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများကို သမ္မတထံ တင်ပြသွားမည်ဟု သိရသည်။

ဆူပူ အကြမ်းဖက်မှုများကြောင့် မတည်မငြိမ် ဖြစ်ခဲ့ရသော အခြေအနေများအား အမြန်ဆုံး  ပြန်လည် တည်ငြိမ်အောင် ဆောင်ရွက်ပေးရန်နှင့် ကျောင်းသားများ လုံခြုံစိတ်ချစွာ ပညာ သင်ကြားနိုင်ရေး အတွက် နိုင်ငံတော် အစိုးရ အနေဖြင့် အမြန်ဆုံး စီစဉ် ဆောင်ရွက်ပေးရန် ရန်ကုန်ရောက် ရခိုင် ကျောင်းသူ ကျောင်းသားများက နိုင်ငံတော်သမ္မတထံ တင်ပြ တောင်းဆိုသွားမည်ဟု ဆိုသည်။

“ အဂု လက်ရှိ ရခိုင်က ကျောင်းသားတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သမ္မကြီးဆီကို တင်ပြသွားမယ်။ ကျောင်းသားတွေ ကျောင်းဖွင့်တာ တစ်လကျော် ရှိနေပြီ ဖြစ်ပေမယ့် စစ်တွေ အပါအ၀င် တစ်ချို့နေရာတွေမှာ ကျောင်းမတက်နိုင်ဘဲ ဖြစ်နေကြတယ်။ ဒါကြောင့် ကျောင်းသားတွေ ကျောင်းသွားနိုင်အောင် လုံခြုံရေးကို အဓိကထားပြီး စီစဉ် ဆောင်ရွက်ပေးဖို့ တင်ပြ တောင်းဆို သွားမှာ ဖြစ်ပါတယ်” ဟု ရခိုင် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုကျော်မင်းခိုင်က ပြောသည်။

အလားတူ သက်ဆိုင်ရာ ရခိုင်ပါတီများနှင့်  ပညာရေး ၀န်ကြီးဌာကိုလည်း တင်ပြသွားမည် ဖြစ်ကြောင်း သူက ပြောဆိုသည်။

“ ပညာရေးနဲ့ ပတ်သက်ပြီး ရခိုင်ပါတီတွေ ပညာရေး ၀န်ကြီးဌာနကိုလည်း တင်ပြသွားပါမယ်။ ဒါ့အပြင် လက်ရှိ အနေအထားအရ ရခိုင်ပြည်မှာ ရှိတဲ့ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေက လက်ရှိ အခြေအနေမှာလည်း အကြမ်းဖက် ဆူပူမူတွေ ဖြစ်အောင် လုပ်နေတဲ့ အတွက် မြန်မာနိုင်ငံရှိ တည်ဆဲ ဥပဒေများနဲ့ အညီ ထိထိရောက်ရောက် အရေးယူပေးဖို့၊ ဥပဒေနဲ့အညီ ကျူးးလွန်သူ ဘယ်သူ့ကို မဆို အရေးယူ ဆောင် ရွက်ပေးဖို့ လိုတယ်လို့ မြင်ပါတယ်။ နောက်တချက်က ရခိုင်ပြည်နယ် အတွင်း ဆူပူ အကြမ်းဖက်မူကြောင့် ဆုံးရှုံး နစ်နာခဲ့ရတဲ့ မိသားစုတွေကို  ပြန်လည် ပြုစု ပျိုးထောင်ပေးဖို့  အစိုးရဆီကို တင် တောင်းဆိုသွားမှာ ဖြစ် ပါတယ်” ဟု ဆက်ပြောသည်။

ဆွေးနွေးပွဲသို့  ရခိုင် ကျောင်းသားလူငယ် စာပေနှင့်ယဉ်ကျေးမှု မြှင့်တင်ရေး အဖွဲ့ အပါအ၀င် ရန်ကုန်ရောက် ရခိုင် ကျောင်းသူ ကျောင်းသား ခေါင်းဆောင်  ၃၀ ခန့်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲကို ရန်ကုန် စမ်းချောင်းမြို့နယ်ရှိ Arakan National Network ရုံးခန်း ၌  နေ့လည် ၁နာရီမှ ညနေ ၃နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>