သတင်း — September 13, 2012 at 12:58 pm

မေးခွန်းပေါင်း ၁၀၀ ကျော်ကို ဖြေကြားမယ့် ရခိုင် လွှတ်တော် စက်တင်္ဘာ ၂၄ စမည်

မေးခွန်းပေါင်း  ၁၀၀ ကျော်ထိ ရောက်ရှိနေပြီ ဖြစ်တဲ့ ရခိုင်ပြည်နယ် လွှတ်တော်ကို စက်တင်္ဘာလ ၂၄  ရက်နေ့မှာ ပြန်လည် စတင် ကျင်းပမယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

လွှတ်တော်ကတော့ ၂၀၁၃ ခုနှစ်အတွက် ရခိုင်ပြည်နယ် ဘတ်ဂျက်ကို အဓိကထား ဆွေးနွေး မှာဖြစ်ပေမယ့် တခြား ပြဿနာတွေနဲ့ ပတ်သက်ပြီး မေးခွန်း ၁၀၀ ကျော်လည်း လွှတ်တော် ကို ရောက်ရှိနေပြီ ဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် (ဓါတ်ပုံ- နိရဉ္စရာ)

“ အရင်ကတော့ မေးခွန်းမေးရင် ဒါက ပြည်ထောင်စု လွှတ်တော်ကဘဲ ဖြေနိုင်မယ်။ ပြည်နယ် လွှတ်တော် အဆင့်နဲ့ မလုံလောက်ဘူးဆိုပြီး အကြောင်းပြပြီး  မေးခွန်းတွေကို ဘေးဖယ် ပစ်လေ့ရှိ တယ်။ ဒီတစ်ကြိမ်မှာလည်း ဒီလို လုပ်မလားဆိုပြီး လွှတ်တော်အမတ်တွေက စိုးရိမ်နေကြပါတယ်” လို့ စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မူတွေနဲ့ အတူ လတ်တလော ပေါ်ပေါက်ခဲ့တဲ့ ဆူပူ အကြမ်း ဖက် မူတွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများအပြား လွှတ်တော်ကို ရောက်ရှိနေပြီး တချို့ မေး ခွန်းတွေ ကတော့ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ၊ မြေယာ သိမ်းယူမူတွေ၊ လမ်းတံတား ပျက်စီးနေ တာတွေ၊ လူထုတွေ ရင်ဆိုင်နေရတဲ့ ပြဿနာ မျိုးစုံနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေလည်း ပါဝင်တယ် လို့ ဆိုပါတယ်။

“ ရခိုင် လွှတ်တော်မှာ တင်မယ့် မေးခွန်းတွေကို လွှတ်တော် ကိုယ်စားလှယ်တွေက ပေးပို့ထား တာ ဖြစ်ပါတယ်။ အခု ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက်မူတွေနဲ့ ပတ်သက် တဲ့ မေးခွန်းတွေ များနိုင်ပါတယ်။ ပညာရေး၊ စီးပွားရေးကအစ လုံခြုံရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ လည်း မေးကြမှာပါ” လို့ ဦးအောင်မြကျော်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ စီးပွားရေး အရ အဆင်မပြေမူတွေနဲ့ အတူ အဘက်ဘက်မှာ အလွန်ချွတ်ခြုံ ကျနေပြီး အလုပ်လက်မဲ့နှုန်းတွေကလည်း အလွန်တိုးပွားနေပါတယ်။ အဲသလို အခြေအနေမျိုးမှာ မတည်ငြိမ်မူတွေနဲ့ အတူ ဆူပူ အကြမ်းဖက်တွေနဲ့ ရင်ဆိုင်နေကြရတဲ့အတွက် လယ်သမားတွေ လယ်ယာ ထွန်ယက် မစိုက်ပျိုးနိုင်သလို ရေလုပ်သားတွေလည်း ရေထဲမဆင်းနိုင် ဖြစ်နေပါတယ်။

အဓိက ရခိုင် စီးပွားရေးရဲ့ ပင်မ အချက်အချာ ဖြစ်တဲ့ ဈေးတွေကို မှီပြီး လုပ်ကိုင်စားသောက်နေရတဲ့ စီးပွားရေးကလည်း ဆူပူအကြမ်းဖက်မူတွေ ဖြစ်ပေါ်ပြီးကတည်းက ပုံမှန်အတိုင်း  မလည်ပတ်နိုင် ဘဲ ဖြစ်နေပါတယ်။

ခုလို မရေရာမူတွေ၊ အဆင်မပြေမူတွေ၊ အခက်အခဲတွေနဲ့ ပြည့်နှက်နေပေမယ့် ရခိုင် ပြည်သူတွေ ကတော့ လွှတ်တော်ကနေ သူတို့ အတွက် တိုးတက်ရာ တိုးတက်ကြောင့် တစ်ခုခု လုပ်ဆောင်ပေး နိုင်လိမ့်မယ်လို့  ယုံကြည် မထားကြဘူးလို့ ဆိုပါတယ်။

ဒါကြောင့်  စက်တင်္ဘာ ၂၄ ရက်နေ့ ကျင်းပမယ့် ပြည်နယ် လွှတ်တော် အပေါ်  ရခိုင်လူထု ကတော့ ထူးထူးခြားခြား သိပ်စိတ်ဝင်စားမူ မရှိလှဘူးလို့ ပြည်သူတွေက ဆိုပါတယ်။

(နိရဉ္စရာ သတင်းများကို မည်သူမဆို လွှတ်လပ်စွာ ကူးယူဖေါ်ပြနိုင်သည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြရပါမည်။)
Read Comment Policy

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>